ဖေဖေနဲ့မေမေက ပြည်သူတွေကိုကူညီသလို သူမတို့ကလည်း အသက်ငယ်ငယ်လေးတွေနဲ့ နိုင်ငံအပေါ် တာဝန်ကျေပွန်နေကြတဲ့ ပေါ်ရှာတို့ညီအစ်မ

//s9.kh1.co/18/18362fef619243735117092cfca3de5b47d93435.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဖေဖေနဲ့မေမေက ပြည်သူတွေကိုကူညီသလို သူမတို့ကလည်း အသက်ငယ်ငယ်လေးတွေနဲ့ နိုင်ငံအပေါ် တာဝန်ကျေပွန်နေကြတဲ့ ပေါ်ရှာတို့ညီအစ်မ

မင်းသမီးချော စမိုင်းလ်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ရပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် ရပ်နားခဲ့တဲ့ စမိုင်းလ်က အခုတော့ ပရိသတ်တွေရဲ့အရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ စမိုင်းလ်က ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit -"Portia Maung-ပေါ်ရှာ" FB Page

Photo Credit -"စမိုင်းလ်- Smile" FB Page

စမိုင်းလ်ရဲ့သမီးချောလေးနှစ်ယောက်ကတော့ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး အရမ်းကိုအားကိုးနေရပြီ ဖြစ်ပါတယ် ။ ပေါ်ရှာလေးတို့ညီအစ်မနှစ်ယောက်က လတ်တလောမှာဆိုရင်လည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း စိတ်ဓာတ်လေးတွေက ရဲရင့်တာကြောင့် သူမတို့တတ်နိုင်တဲ့ဘက်ကနေ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit -"စမိုင်းလ်- Smile" FB Page
Photo Credit -"စမိုင်းလ်- Smile" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page

စမိုင်းလ်တို့ဇနီးမောင်နှံက ပြည်သူတွေအတွက် အစားအသောက်တွေ မကြာခဏလှူဒါန်းနေသလို သူမရဲ့သမီးလေးတွေကလည်း နိုင်ငံအပေါ် တာဝန်ကျေပွန်နေကြတာ ဖြစ်ပါတယ် ။ မနေ့ကတော့ ပေါ်ရှာလေးတို့ညီအစ်မက ဗဟိုဘဏ်အရှေ့ကိုသွားရောက်ပြီး ပြည်သူ့ဝန်ထမ်းတွေကို တောင်းဆိုမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ လူငယ်ပီပီ အားအင်အပြည့်နဲ့ ပါဝင်လှုပ်ရှားနေတဲ့ ပေါ်ရှာတို့ညီအစ်မရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -"Portia Maung-ပေါ်ရှာ" FB Page

Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Photo Credit -"Portia Maung-ပေါ်ရှာ" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T