ပရိသတ်တွေတောင်းဆိုထားတဲ့အတိုင်းယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ညီညီမောင်

//s9.kh1.co/30/30f482f0428a3f36380670cf95caf53d6dbb40c1.jpeg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသဗီဒီယိုလေးတွေလည်း ရိုက်တတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ဒါ့အပြင် သုရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြပြီး အရမ်းကြိုက်နှစ်သက်ခဲ့ရတာပါနော်။

Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 

သုသုကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်။ဒါ့အပြင် မုန့်တွေအအေးတွေကိုလည်း လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေ အမောပြေ စားသောက်နိုင်ရန် လိုက်ဝေငှခဲ့ပါသေးတယ်။

Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 

ဒီနေ့မှာလည်း သုက ပရိသတ်တွေတောင်းဆိုထားတဲ့အတိုင်း ယောင်္ကျားလေးပုံစံအပြည့်ဝတ်ဆင်ကာ လမ်းမထက်မှာ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပုံလေးတွေနဲ့အတူ "သဲသု ကတိ တည်ပါတယ်နော် 17.2.2021 သန်းချီစုဝေး အမေစုလွတ်မြောက်ရေး "ဆိုတဲ့စာလေးကိုပါရေးသားဝေမျှခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သုသုရဲ့မြင်နေကျပုံစံမျိုးမဟုတ်တဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 
Photo Credit : Nyi Nyi Maung Facebook Page 

Source & Photo Credit : Nyi Nyi Maung Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T