အခု အန္တရာယ်တွေ ကျရောက်နေတဲ့ သူတွေအတွက် ပဌာန်းတွေရွတ် ဆုတောင်းပေးနေပါတယ်လို့ ပြောလာတဲ့ ပိုပို

//s9.kh1.co/0d/0d4aead260e73596835833dc6427e604d0902cc8.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးဖြစ်တဲ့ အမျိုးသမီး တေးသံရှင် ပိုပိုဟာဆိုရင်ဖြင့် အသံချိုချို အေးအေးလေးနဲ့ သီချင်းကောင်းများစွာကို ခံစားသက်ဝင်မှု အပြည့်ထည့်ကာ သီဆိုလေ့ ရှိတဲ့ အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။ပိုပိုဟာ ဂီတကို ချစ်မြတ်နိုးသူလေး ဖြစ်တာကြောင့် သီချင်းအသစ်တွေကို အမြဲဖန်တီးကာ ထွက်ရှိနိုင်အောင်လည်း ကြိုးစား အားထုတ်နေတာ​ ဖြစ်ပြီး မကြာသေးခင်တုန်းကလည်း သူမရဲ့ သီချင်းအသစ်လေး ထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်နော်.....။

Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page

ပိုပိုဟာ သူမရဲ့အနုပညာကို တန်ဖိုးထားသလို ပရိသတ်တွေကိုလည်း လေးစားချစ်ခင်သူလေး ဖြစ်ပြီး ယခုဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူပရိသတ်တွေနဲ့ အတူ ကိုယ်တိုင် လမ်းမတွေထက်မှာ ပါဝင်လှုပ်ရှားကာ တစ်သား တည်း ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်နော်.....။ဒီနေ့လေးမှာ ဆိုရင်လည်း တခြားမြို့တွေကို အားတင်းထားဖို့ ပြောရင်းနဲ့ ပဌာန်းရွတ် ဆုတောင်းပေးနေတဲ့ အ ကြောင်းလေး တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။"ပို ဟာ တစ်နိုင်ငံလုံး လှည့်ပတ် ပြီး သီချင်းဆို ခဲ့ရပါတယ် ကျမ ကချင်ပြည်နယ်ရောက်ရင် ကချင် အစားအသောက်တွေ သိပ်ကြိုက်တယ် မေခ မလိခ ကို ပို ချစ်တယ် ဖားကန့် ကို မြင်ရင် အရမ်းတိုးတက်စေချင်တယ်

Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page

ပို ဟာ တစ်နှစ်ကို အခါ၂၀ လောက် မန္တလေး ကို သီချင်းသွားဆိုပါတယ် ရောက်ရင်လဲ မန္တလေးရဲ့ ထိုးမုန့် လက်ဖက် နန်းကြီးသုတ် ဦးပိန်တံတား နဲ့ ကျူံး မန္တလေးမြို့သူ မြို့သားတွေက ပို့ ရဲ့ အမျိူးတွေလိုပါပဲ ပို့ အဘွားက မွန် စပ်ပါတယ် အဲ့တော့ မော်လမြိုင်ကို ကျမ ချစ်တာ မဆန်းပါဘူး မော်လမြိုင်မှာ သီချင်းသွားဆိုတိုင်း အားပေးကြတဲ့ ပို့ ပရိတ်သတ်တွေကို ချစ်တယ် မြဝတီမှာလဲ ကျမ ချစ်ရတဲ့ ပရိတ်သတ်တွေ အများကြီးပဲ မိုးကုတ်ကိုတော့ တစ်ခေါက်တည်းရောက်ဖူးပေမဲ့ ကျမသူငယ်ချင်းတွေကို ဒီ covid ပြီးရင်လာလည်မယ်လို့ ပြောထားဖူးပါတယ် ဒီမြို့လေးတွေထဲမှာ သူရဲကောင်းတွေ နေထိုင်ပါတယ် ဒီသူရဲကောင်းတွေ ကိုလဲ ပို တို့ တစ်နိုင်ငံလုံးက လေးစားလျက်ပါ အဲ့တော့ ပို ဟာ အခု အန္တရာယ်တွေ ကျရောက်နေတဲ့ ပို ချစ်တဲ့ သူတွေအတွက် ပို ပဌာန်းတွေရွတ် ဆုတောင်းပေးနေပါတယ် ချစ်ရတဲ့ သူရဲကောင်းတွေကိုလဲ အထူးပဲကျေးဇူးတင်ပါတယ် ပို တို့ အတူတူ အားတင်းထားကြရအောင်နော် အားလုံးကို ဂုဏ်ပြုလေးစားပါတယ် ရှင် ??????"ဆိုပြီး ရေးသားလာခဲ့တာကြောင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်.....။

Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page
Photo Credit -Po Po FB Page

သတင်း အရင်းအမြစ်Po Po FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T