သူမရဲ့ကျန်းမာရေးကိုတောင်မငဲ့ကွက်ဘဲ ဖျားတဲ့အထိလူထုလှုပ်ရှားမှုတွေပြုလုပ်ကာ တာဝန်ကျေတဲ့အိအိတုံကို လေးစားချီးကျူးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/8f/8fd51f0c3b0aac1ae61dea0500e0199ffc013cf0.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေနဲ့အောင်မြင်နေတဲ့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ လတ်တလောအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို သူငယ်ချင်းဖြစ်သူအိအိတုံရဲ့ လေးစားစရာစိတ်ထားလေးကိုလည်း ချီးကျူးပြောပြလာပါတယ်နော်..။

ကလေးမွေးထားတာ မကြာသေးပေမယ့် (၂)လကျော်အရွယ်သမီးလေးကို အိမ်မှာနို့ဗူးနဲ့ထားခဲ့ပြီး တနေ့လုံးနို့တွေတင်းကာ ဖျားတဲ့အထိ ရဲရဲရင့်ရင့်နဲ့ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အိအိတုံရဲ့ စိတ်ထားကို လေးစားမိတဲ့အကြောင်းလေးတွေ ပြောပြထားတာပါ..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ကျွန်မနဲ့သူ က မတည့်အတူနေ?

ဒါပေမယ့်သူ့စိတ်ကို ကျွန်မမလေးစားပဲ မနေနိုင်ဘူး

ကလေးမွေးထားတာ ၂လကျော်လေးကို အိမ်မှာ နို့ဗူးနဲ့ထားခဲ့ပြီး ကျွန်မတို့နဲ့တူတူ နိုင်တဲ့အားနဲ့ မှန်တဲ့ဘက်က ထွက်ရပ်တယ်?တနေ့လုံး နို့တွေတင်းပြီး အိမ်ပြန်ရောက်တော့ ဖျားတယ်...

တခြားသူတွေလို တချိန်လုံးငြိမ်ကုတ်ပီး လူမုန်းမှာကြောက်လို့ မနေ့တနေ့ကမှ အရိပ်အယောင်လာပြသူတွေ

ခုထိ အမှန်တရားဘက်က ထွက်မရပ်ပေးနိုင်သူတွေထက်

တော့ လိပ်ပြာလုံတယ် သူငယ်ချင်းရေ...

နင့်သမီးလေးနှစ်ယောက်အတွက် နင်တာဝန်ကျေတယ်

ပြည်သူတစ်ယောက်အနေနဲ့လည်း တာဝန်ကျေတယ်

နင်နို့အရမ်းတင်းလာရင်တော့ ကြိတ်ခံမနေနဲ့

ဘေးမှာ လူတွေအများကြီးရှိတယ်နော်???

ကိုဘင်းတို့ ကိုဇော်တို့ကတာဝန်ယူမယ်တဲ့?.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သမီးလေးတွေရဲ့ အနာဂတ်အတွက်အတွက် မိခင်တစ်ယောက်ရဲ့တာဝန်ကျေမှုတွေအပြင် ပြည်သူတစ်ယောက်အနေနဲ့လည်း တာဝန်ကျေလွန်းတဲ့ သူငယ်ချင်းဖြစ်သူ အိတုံအတွက် နှိုင်းယှဉ်က ဂုဏ်ယူမဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်နော်..။

ယုံကြည်ရာပန်းတိုင်အတွက် ရဲရင့်ပြတ်သားစွာရပ်တည်နေတဲ့ သူငယ်ချင်းအိအိတုံရဲ့ တာဝန်ကျေမှုလေးတွေကို ဂုဏ်ယူစွာ ပြောပြထားတဲ့ အဲ့ဒီ့ပို့စ်အောက်မှာ ပရိသတ်တွေကလည်း နှိုင်းယှဉ်တို့ သူငယ်ချင်းနှစ်ယောက်လုံးကို အားပေးစကားလေးတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Ei Tone's Fb Acc
Photo Credit - Ei Tone's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T