ပရိသတ်ကြီးရေ အနုပညာလောကရဲ့ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ ဆယ်ကျော်သက် လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားတဲ့ သူပါနော်။ တစ်ကိုယ်တော် အယ်ဘမ်လ်တွေများစွာ ထွက်ရှိထားတဲ့ အေသင်ဟာဆိုရင် ဂီတနဲ့ ပတ်သတ်တဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားတာကို တွေ့ရပါတယ်။ အချစ်သီချင်းတွေကို အများဆုံးသီဆိုလေ့ရှိတဲ့ သူမက ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေကိုလည်း သီချင်းအဖြစ်ဖန်တီးကာ သီဆိုလေ့ရှိတာဖြစ်ပါတယ်။
သူမရဲ့ အနုပညာ မျိုးဆက်လေးဖြစ်တဲ့ သမီးငယ်လေး ဗွီးဗွီးဟာ ဆိုရင်လည်း ပရိသတ်တွေနဲ့ မစိမ်းတဲ့ သူတစ်ယောက်ပါ။ မေမေနဲ့ ရုပ်ချင်းဆင်ပြီး ပါးဖောင်းဖောင်းလေးကို ပိုင်ဆိုင်ထားတဲ့ ဗွီးဗွီးက ဉာဏ်ကောင်းပြီး သွက်လက်တာလည်း ဖြစ်ပါတယ်။ မေမေ အေသင်က သမီးငယ်လေးနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိတာဖြစ်ပြီး အမှတ်တရပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတာပါ။
ယနေ့မှာလည်း အေသင်က ရန်ကုန်မြို့က လူထုလှုပ်ရှားမှုမှာ သမီးလေး ဗွီးဗွီးနဲ့အတူ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင် ပါဝင်ရုံသာမကပဲ သမီးလေးကိုလည်း ပါဝင်လှုပ်ရှားစေတာဖြစ်လို့ အသည်းယားစရာ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ အဆိုပါ ပုံလေးတွေအပြင် " Gen - Alpha တောင် လမ်းထွက်နေရပြီ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်နော်။
သတင်း အရင်းအမြစ်៖ Source - Athen Cho Swe's Fb Account