လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်းများအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလေးကို ပြောလာခဲ့တဲ့ နန်းဆုရတီစိုး

//s9.kh1.co/37/377b1a74e49d7cd59b78b173dcd99cdfceaa84a6.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားပြီး ယုံကြည်လမ်းကို အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပပြီး ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးက ကြော်ငြာတွေနဲ့ music video ကိုရိုက်ကူးနေတဲ့ အပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာတွေ့ရပါတယ်။

Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account

နန်းဆုရတီစိုးကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝပါဝင်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ ဒါ့အပြင် နေ့ဘက်မှာ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုပါဝင်ခဲ့သလို ညဘက် (၈)နာရီမှာလည်း အချိန်မှန်မှန် သံဗုံးတီးပြီး ပါဝင်ခဲ့ပါတယ်။ ယခုမှာတော့ နန်းဆုရတီစိုးက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account

ဒီပုံလေးတွေနဲ့လည်း နန်းဆုရတီစိုး က "သူရဲကောင်းတွေအဖြစ် ငါတို့ရင်ဘတ်မှာ ကျောက်စာရေးထိုးထားပါ့မယ်... ရုန်းထွက်ခဲ့ကြပါ ...ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ နောက်ဆုံးချိန်ထိအတူရှိနေပါ့မယ်....." ဆိုပြီး CDMမှာ ပါဝင်ပေးကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို စိတ်ခွန်အားဖြစ်အောင် ရေးသားထားတာဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ အနာဂတ်အိမ်မက်တွေလှပစေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ တက်နိုင်တဲ့ဘက်ကနေပါဝင်ပြီး ပြည်သူ့ပရိသတ်တွေနဲ့ရပ်တည်ပေးခဲ့တဲ့ နန်းဆုရတီစိုးကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။

Photo Credit -Nansu Yati Soe fb account
Photo Credit -Nansu Yati Soe fb account

သတင်း အရင်းအမြစ်Source - Nansu Yati Soe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T