ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါနော်.....။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

အခုလက်ရှိကာလမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အနုပညာရှင်တွေလည်းပြည်သူတစ်ယောက်အနေနဲ့ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို အားတက်သရောလုပ်နေကြသလို ဖြူဖြူထွေးတစ်ယောက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေကာ ပြည်သူပရိသတ်တွေအတွက် ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်....။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

မကြာသေးမီကတော့ ဖြူဖြူထွေးဟာ onlineပေါ်မှာပျံ့နှံ့သွားခဲ့တဲ့ commentsတစ်ချို့ကြောင့် ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ ဝေဖန်ခံရတဲ့ commentsတစ်ချို့နဲ့ပက်သက်ပြီး သူမ ပြောခဲ့ခြင်းမဟုတ်ကြောင်း ဖြေရှင်းထားကာ Facebookစာမျက်နှာမှာလည်း "မဟုတ်တာတွေ မပြောကြပါနဲ့ဗျာ.." ဆိုပြီးတင်ပေးလာကာ Photoshopနဲ့ပြင်ထားတဲ့ commentsတွေနဲ့ပက်သက်ပြီးတင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Phyu Phyu Htwe's Facebook acc
Photo credit-Phyu Phyu Htwe's Facebook acc

သတင်းအရင်းမြစ်: Phyu Phyu Htwe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။