လတ်တလောထွက်ပေါ်နေတဲ့သူ့ရဲ့သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲသွားမှာစိုးရိမ်နေတဲ့ ဒေါင်း

//s9.kh1.co/f4/f49b4a7facd2c0ee4177495e27f235cbc633c75e.jpeg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသားချောလေး  ဒေါင်းကတော့  အနုပညာလောကမှာ  ပရိသတ်တွေရဲ့  အားပေးမှုတွေနဲ့  ထွန်းလင်းတောက်ပနေတဲ့  ကြယ်ပွင့်လေးအဖြစ်  ရပ်တည်လျက်ရှိနေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေနဲ့အတူ  တစ်သားတည်းရပ်တည်ပေးနေသူတစ်ယောက်  ဖြစ်တာကြောင့်လည်း  အားလုံးက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။ ဒေါင်းဟာ လတ်တလောမှာတော့ ပရိသတ်တစ်ချို့ရဲ့  အထင်မြင်လွဲခြင်းကို  ခံနေရတာလည်း  ဖြစ်ပါတယ်။

Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 

သူဟာ လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  မမြင်တွေ့ရပဲ  ပျောက်ကွယ်နေပြီး  အွန်လိုင်းပေါ်မှာသာ  သတင်းအချက်အလက်များကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတဲ့အတွက်  အားလုံးက အထင်မြင်လွဲနေရတာလည်း  ဖြစ်ပါတယ်။  မနေ့ညကလည်း  ဒေါင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ  လတ်တလောထွက်ပေါ်နေတဲ့  သတင်းတွေက မမှန်ကန်ကြောင်းနဲ့  သူ့အတွက်ကြောင့်  ပြည်သူတွေ  လမ်းလွဲသွားမှာ စိုးရိမ်နေကြောင်းကို အခုလိုပဲ  ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 

ဒါကတော့ " ရိုင်းသွားရင်တောင်းပန်ပါတယ် တိုင်းပြည်အခြေအနေဒီလောက်ဆိုးနေတဲ့အချိန် ကျွန်တော့်သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲသွားမှာစိုးလို့ပါ အားလုံးအရှိန်အဟုန်မြင့် ဒီမိုကရေစီအတွက် လုပ်ဆောင်ကြမယ်" ဆိုပြီး  ပြန်လည်ရှင်းပြပေးထားတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး  အားလုံးလည်း  လမ်းလွဲမရောက်ဘဲ  လူထုလှုပ်ရှားမှုတွေနေ့စဉ်လုပ်ကာ မျှော်လင့်ထားတဲ့  ရည်မှန်းချက်ပန်းတိုင်  အမြန်ဆုံးရောက်အောင်  ကြိုးစားကြရအောင်ပါနော်။

Source and Photo Crd-Daung’s Facebook Page 

Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Photo Crd-Daung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T