ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ ဒီကာလမှာ ကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားပြီး အများနည်းတူ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဘုဏ်းသိုက်ကလည်း သမီးလေးတစ်ယောက်ရဲ့ဖခင်ဖြစ်တာကြောင့် မိမိရင်သွေးလေးရဲ့အနာဂတ်အတွက် လမ်းမပေါ်ထွက်ပြီး ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။ဘုဏ်းသိုက်ကတော့ ဖခင်ကောင်းပီသစွာနဲ့ သမီးလေးကို ကောင်းမွန်တဲ့အရာတွေကိုသာပေးပြီး လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဘုဏ်းသိုက်တို့သားအဖနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးကြပြီး ချစ်ချစ်ခင်ခင်ရှိကြတာဖြစ်ပါတယ်နော်။


လတ်တလောအခြေအနေမှာဆိုရင်တော့ ဘုဏ်းသိုက်က သမီးလေးကိုလည်း တတ်နိုင်သလောက် အချိန်ပေးပြီးအဖော်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ဘုဏ်းသိုက်က အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ လမ်းပေါ်နေ့စဉ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေတာဖြစ်ပါတယ်။ဘုဏ်းသိုက်တို့ အနုပညာရှင်အသိုင်းအဝိုင်းကလည်း ယခုလိုအချိန်မျိုးမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း၊တစ်သားတည်းရှိနေကြလို့ အရမ်းအားတက်စရာကောင်းလှပါတယ်နော်။ဘုဏ်းသိုက်ကလည်း လူငယ်တွေရဲ့ရှေ့ကနေ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ရပ်တည်ပြီး တစ်တပ်တစ်အားပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။



အခုဆိုရင်တော့ ဘုဏ်းသိုက်က”ပြဿနာ တစ်ခုကို ယာယီဖြေရှင်းတဲ့ နည်းဟာတာရှည်ခံမယ့် အောင်ပွဲ ကို မပေးပါဘူး ••။ဒါဟာ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေ အားလုံး အားမလျော့ဘဲ နေ့စဉ်ရက်ဆက် တိုက်နေရခြင်းရဲ့တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်တယ် •••။”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ဘုဏ်းသိုက်ကတော့ခင်လှိုင်တို့နဲ့အတူ လူအုပ်ကြားထဲမှာ ရဲရင့်တက်ကြွစွာနဲ့ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်လိုက်တဲ့ ယခုအခြေအနေကြီးဟာဆိုရင် ဒီနေ့အထိတိုင် အားမလျော့သွားသေးဘဲ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်နေကြတဲ့ ပြည်သူလူထုကြီးကိုတွေ့မြင်နေရဆဲပဲဖြစ်ပါတယ်နော်။


Source&Photo Credit:Hpone Thaik’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။