ရဲလေးကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ် အောင်မြင်မှုရနေတဲ့ ပရိသတ်အချစ်တော်လေးပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ရဲလေးက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ လက်ရှိကာလမှာတော့ ရဲလေးက ပြည်သူတွေရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်နေတာ ဖြစ်ပါတယ် ။ ရဲလေးက အနုပညာရှင်အဖွဲ့နဲ့အတူ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။


သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို အမြဲမျှဝေပေးလေ့ရှိတဲ့ ရဲလေးက အခုတော့ သတင်းမှားတစ်ခုကို ဖြေရှင်းလိုက်ရတာပဲ ဖြစ်ပါတယ် ။ အနုပညာရှင်တွေက ပြည်သူ့ဝန်ထမ်းတွေအတွက် သိန်းရာထောင်ချီအောင် လှူဒါန်းတယ်ဆိုပြီး ထွက်ပေါ်နေတဲ့စာရင်းအတုမှာ ရဲလေးက သိန်း (၅၀၀)လှူကြောင်း ဖော်ပြခံထားရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ရဲလေးက "ကျွန်တော်ကြိုးစားထားပြီး စုဆောင်းထားတာလေးတွေနဲ့ လိုအပ်တဲ့နေရာလေးတွေ လိုအပ်တဲ့ အကူအညီလိုတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ကျွန်တော့်ဆွေမျိုးလူကြီးမိဘတွေကို တတ်နိုင်သလောက် အားလေးနဲ့ အမြဲကူညီထောက်ပံ့ပေးနေကျပါ ..."


"ရင်းနှီးတဲ့သူတိုင်း မေးစရာမလိုဘဲ သိကြပါတယ် ...ဒါကြီးကတော့ Fake News တစ်ခု သတင်းအတုကြီးတစ်ခုပါ မဟုတ်တဲ့သတင်းကြီးတွေ့လိုက်လို့ သူငယ်ချင်းတွေ က တစ်ယောက်ပြီးတစ်ယောက် မေးလာကြလို့ သတင်းအတုတစ်ခုဆိုတာ မိတ်ဆွေအပေါင်းအသင်း ပရိသတ်သူငယ်ချင်းများသိရအောင် ပြန်လည်မျှဝေလိုက်ပါတယ် ...အားလုံး ဦးနှောက်လေးကို အချိန်လေး နည်းနည်းပေးစဉ်းစားပြီးမှ ချင့်ချိန်ယုံကြပါ ...ဒီအချိန်မှာ ဘာမှန်းမသိတဲ့အကွက်တွေ ထုတ်သုံးတတ်ကြလို့ပါ များလိုက်တဲ့အကွက်တွေ " ဆိုပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ် ။ ရဲလေးကတော့ အားလုံးသိအောင် ရှင်းရှင်းလင်းလင်းပြောပြလိုက်တာဖြစ်ပြီး သတင်းမှားတွေကို အလွယ်မယုံကြဖို့ အကြံပေးထားတာလည်း ဖြစ်ပါတယ် ။
Source & Photo Credit -Ye Tun Min's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။