လမ်းပေါ်ထွက်ပြီး အမှန်တရားအတွက်ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒါန်းကာ တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့တဲ့ Mary

//s9.kh1.co/75/751f1c6944479236793a5ddf733e5724950d73d8.jpeg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး  Mary ကတော့  ဒီဖြစ်စဉ်တွေ  မဖြစ်ခင်   ရက်ပိုင်းအလိုမှာ  ဂျပန်နိုင်ငံကနေ  မြန်မာနိုင်ငံကို  ပြန်လည်ရောက်ရှိလာတာလည်း  ဖြစ်ပါတယ်။  သူမဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ   တက်ကြွစွာ ပါဝင်လှုပ်ရှားနေပြီး  ပြည်သူတွေနဲ့  တစ်သွေးတည်း  တစ်သားတည်း  ရပ်တည်ပေးနေတာလည်း  ဖြစ်ပါတယ်။  တစ်ရက်မှမပျက်ကွက်ပဲ  နေ့စဉ်ရက်ဆက်  ပါဝင်လှုပ်ရှားနေတဲ့  သူမကိုတော့  အားလုံးက  မလေးစားပဲ  မနေနိုင်အောင်ပါပဲနော်။

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page

Mary ဟာ သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်နေပြီး  ရန်ကုန်မှာရှိတဲ့  နိုင်ငံတကာသံရုံးရှေ့တွေကိုသွားကာ  ရင်ထဲက  ဆန္ဒအမှန်တရားတွေကို  ထုတ်ဖော်နေတာလည်း  ဖြစ်ပါတယ်။  မနေ့ကလည်း  Mary ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ပုံလေးတွေ  တင်ထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  လမ်းပေါ်ထွက်ပြီး အမှန်တရားအတွက်ရပ်တည်နေကြတဲ့ ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒါန်းကာ တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့တဲ့ Mary ရဲ့ပုံရိပ်လေးတွေပဲ  ဖြစ်ပါတယ်။  

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
https://s9.kh1.co/__image/w=650,h=433,q=100/47/4721d419175a27cde143e595a9434595a96e0ed6.jpeg
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page

သူမကလည်း " Mary မနေ့က Vinlyရယ် လက်ဖက်ထမင်းဘူး ရယ် ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့ပါတယ်...

ပြီးတော့U.S Embassy, Italy Embassy, Australia Embassy နဲ့ Singapore Embassy တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်...

U.S Embassy ကလွဲရင် တခြား Embassyတွေမှာလူအင်အားတော်တော်နည်းပါတယ်...

နောက်နေ့တွေလည်း ကြုံတဲ့အခါဝင်ပြီးအားဖြည့်ပေးကြပါဦး...

အရေးတော်ပုံ အောင်ရမည်?? " ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပါတယ်။  Mary ဟာ အပြင်မှာ ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်ရုံတင်မကဘဲ  အွန်လိုင်းပေါ်မှာလည်း  တိကျမှန်ကန်တဲ့  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  အားလုံးလည်း  ဒီအခြေအနေတွေကနေ  လွတ်မြောက်ကာ  သာယာပျော်ရွှင်စရာကောင်းတဲ့  အချိန်လေးတွေ  အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Mary’s Facebook Page 

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T