ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေ များစွားရရှိနေတဲ့အနုပညာရှင်ကတော့ မင်းသားချောနေတိုးပဲ ဖြစ်ပါတယ် ။ အကယ်ဒမီသုံးဆု ဆွတ်ခူးရရှိထားတဲ့ နေတိုးက မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော် ။ အနေအေးသလို ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံတတ်တဲ့ နေတိုးကို အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ် ။
နေတိုးက လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူပရိသတ်တွေနဲ့အတူ လုထုလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေတာလည်းဖြစ်ပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာလည်းဖြစ်ပါတယ်။
နယ်ပယ်အသီးသီးက အနုပညာရှင်များကလည်းပြည်သူလူထုကို တတ်နိုင်တဲ့ဘက်ကနေ လိုအပ်တာတွေမျိုးစုံကူညီနေတာလည်းဖြစ်ပါတယ်။အခုလည်း နေတိုးက လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူပြည်သားတွေအတွက် ခွန်အားရှိစေမယ့် အားပေးစကားတွေများစွာကိုရေးစပ်ကာသူရဲ့အကောင့်လေးမှာဖော်ပြခဲ့တာဖြစ်ပါတယ်။" ပြည်သူတွေမှာအမှန်တရားရှိတယ် ပြည်သူတွေမှာညီညွတ်မှုရှိတယ် ပြည်သူတွေမှာမေတ္တာတရားရှိတယ် အင်အားအကြီးမားဆုံးမေတ္တာစွမ်းအားဖြင့်သာစစ်မှန်သောအောင်မြင်မှုစစ်မှန်သောငြိမ်းချမ်းမှုကိုအရယူကြမယ် (အရေးတော်ပုံအောင်ရမည်) အားလုံးအန္တရာယ်ကင်းကြပါစေ" ဆိုတဲ့စာလေးပဲဖြစ်ရာ ဖတ်ပြီးအရမ်းခွန်အားဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Source & Photo Credit : Nay Toe 2021 Officially Facebook Page