အဆိုတော် နီနီခင်ဇော်ကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်သူလေး ဖြစ်ပါတယ် ။ သီချင်းကောင်းတွေ အများအပြားဖန်တီးခဲ့တဲ့ နီနီခင်ဇော်က ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီလည်း ဖြစ်ပါတယ် ။ ဆေးပညာကို သင်ယူတတ်မြောက်ခဲ့တဲ့ နီနီခင်ဇော်က သူမဝါသနာပါတဲ့အနုပညာအလုပ်အတွက် ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။


အခုလိုအခြေအနေမှာ နီနီခင်ဇော်က သူမတတ်ကျွမ်းထားတဲ့ ဆေးပညာရပ်တွေနဲ့ တိုင်းပြည်ကို အကျိုးပြုနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နီနီခင်ဇော်က သူငယ်ချင်းဆရာဝန်ရဲ့အခမဲ့ဆေးခန်းမှာ တာဝန်ထမ်းဆောင်ပေးနေတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ နီနီခင်ဇော်က လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သေးတာလည်း ဖြစ်ပါတယ် ။ အခုလည်း နီနီခင်ဇော်က ဆေးခန်းမှာ ညဂျူတီစောင့်ရင်းနဲ့ပရိသတ်တွေအတွက် အားဖြစ်စေမယ့် စကားလေးတွေပြောခဲ့တာ ဖြစ်ပါတယ် ။



နီနီခင်ဇော်က "ဘဝတွေပါပြောင်းလဲစေခဲ့တဲ့ အရေးတော်ပုံ စွန့်လွှတ်ထားတဲ့အရာတွေ ပြန်ထွေးပိုက်ရင်း တိုက်ပွဲဝင်နေရတယ် အားလုံးပင်ပန်းကြမယ်သိတယ် ဘယ်တော့များမှ အဆုံးသတ်မယ် သေချာမသိ...သေချာတာ တို့တွေ တူတူ ရှိကြမယ် (အခမဲ့ သားဖွားခန်း Night အမှတ်တရ) " ဆိုပြီး ပုံလေးတင်ထားတာ ဖြစ်ပါတယ် ။ နီနီခင်ဇော်ကတော့ ပြည်သူပရိသတ်တွေဘက်ကနေ အမြဲရှိနေမယ့်အကြောင်း ပြောထားတာ ဖြစ်ပါတယ် ။ ကဲ လိုအပ်တဲ့အချိန်မှာ တိုင်းပြည်အတွက် အသင့်ရှိပေးပြီး တာဝန်ကျေတဲ့ နီနီခင်ဇော်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit -Ni Ni Khin Zaw's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။