လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။


အခုလိုလှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ဦးလွင်မိုးတစ်ယောက်လည်း တက်ကြွစွာပါ၀င်နေတာဖြစ်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်နေတာဖြစ်ပါတယ်နော်။ ဦးလွင်မိုးဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်မှစပြီးတစ်ရက်မှမပျက်မကွက်နဲ့ အနုပညာရှင်တွေနဲ့အတူ ပါ၀င်ပူးပေါင်းကာ လှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာဖြစ်ပါတယ်.....။


အနုပညာရှင်တစ်ချို့လည်း လူထုလှုပ်ရှားမှုတွေနဲ့ပက်သက်ပြီး အရေးယူခံခဲ့ရတာတွေရှိခဲ့ပေမယ့် အားမလျော့ကြပဲ အနုပညာရှင်တွေအချင်းချင်းစည်းလုံးစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာပါ။ ဦးလွင်မိုးတစ်ယောက်လည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "ပြည်သူထဲကပြည်သူတယောက်မို့ ပြည်သူ့ဆန္ဒ.. ဖေါ်ထုတ်ခွင့်ရှိတယ်..." ဆိုပြီးတင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Lwin Moe's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။