လူထုလှုပ်ရှားမှုမှာ ရှေ့ဆုံးကနေ အားကြိုးမာန်တက်ပါဝင်ခဲ့ပြီး ဆက်လက်ပါဝင်နေကြတဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ ကိုပေါက်

//s9.kh1.co/52/526bb2bbabb2bf1e0d38612fcb601fa172fda2f6.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် ကိုပေါက်ကတော့ လူထုလှုပ်ရှားမှု ပါဝင်ဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ ဗီဒီယို ခေတ်ကတည်းက ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းကိုလည်း ပရိသတ်တွေ ရင်ထဲရောက်အောင် ပို့နိုင်ခဲ့တာကြောင့် ဆယ်စုနှစ်မက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

စကားပြော ကောင်းပြီး ဟာသ ဉာဏ်ရွှင်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ မကြာမကြာမှာလည်း ရယ်မောပျော်ရွှင်စရာကောင်းတဲ့ ဟာသ TikTokလေးတွေကို ဆော့ကစားပြီး ပရိသတ်တွေကို ချပြလေ့ရှိသူလည်း ဖြစ်ပါတယ်။ လက်တလောမှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး လူထု လှုပ်ရှားမှုတွေမှာ ပါဝင်အား ဖြည့်ကာနေ့စဥ်ရက်ဆက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

ယခုအခါမှာလည်း လူထု လှုပ်ရှားမှုမှာ ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး လှုပ်ရှားခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာတာ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ခေါင်းဆောင်တွေကို

ကျေးဇူးတင်ပါတယ်။

21.2.21 အဖြေထွက်မည်။

အားတင်းထားကြပါ။

#CDMအရေးတော်ပုံအောင်ရမည်။

#myanmar ......." ဆိုတဲ့ ခေါင်းစဥ်လေး တပ်ကာ လူထုလှုပ်ရှားမှုမှာ ရှေ့ဆုံးကနေ အားကြိုးမာန်တက်ပါဝင်ခဲ့ပြီး ဆက်လက်ပါဝင်နေကြတဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်းပြောလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်.....။

Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account
Photo Crd - Aung Min Naing's FB account

သတင်း အရင်းအမြစ်Aung Min Naing's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T