ကြောက်ပေမယ့်လည်း လမ်းပေါ်ထွက်ရတဲ့ရည်ရွယ်ချက်အကြောင်းအရင်းကို ရဲရဲရင့်ရင့်နဲ့ခိုင်မာပြတ်သားစွာပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/83/834cb657a101178df657d2df6f3a070c0a9cd502.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. နှိုင်းယှဉ်လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ပီပြင်သရုပ်ဆောင်မှုတွေနဲ့ ဇာတ်ကားတွေများစွာရိုက်ကူးထားသလို စကားပြောပွင့်လင်းတဲ့သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေအားပေးချစ်ခင်နေကြသူကတော့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ်..။

နှိုင်းယှဉ်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း လှူဒါန်းမှုတွေအပြင် တတ်အားသရွေ့လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း ပရိသတ်တွေ တွေ့မြင်ကြရမှာပါနော်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

နှိုင်းယှဉ်ကတော့ သူမတို့ပြည်သူတွေအနေနဲ့ အခုလိုလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းတွေကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်နော်..။

အားလုံးကမိသားစုတွေနဲ့မို့ ကြောက်ပေမယ့်လည်း အခုချိန်မှာ ပြည်သူပရိသတ်မိသားစုတွေအားလုံးရဲ့ အနာဂတ်တွေအတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ရဲရဲရင့်ရင့်ပါဝင်နေရတဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"အန်ကယ်လေးပြောသလို မကြောက်ဘူးလားမေးရင်

ကြောက်တာပေါ့...အားလုံးမိသားစုတွေနဲ့ပဲလေ...ဒါပေမယ့်ခုချိန်မှာကိုယ့်မိသားစုတစ်စုထဲအတွက်ကြည့်နေဖို့ထက် မြန်မာနိုင်ငံမှာ ရှိတဲ့မိသားစုများအားလုံးအတွက်

မှန်မှန်ကန်ကန်ဖြစ်စေဖို့ ကျွန်မတို့အားလုံး လမ်းပေါ်တက်ခဲ့ကြတာပါ...ကျွန်မတို့ ၁၀တန်းအောင်ပြီးဘွဲ့ရခါနီးပါပြီ...

၈တန်းအစိုးရစစ်ကို ပြန်မဖြေပါရစေနဲ့တော့နော်...." ဆိုပြီး နှိုင်းယှဉ်က ပြောပြထားတာပါ..။

အဲ့ဒီ့ပို့စ်ရဲ့အောက်မှာ ပရိသတ်တွေကလည်း သူမရဲ့ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည်သူတွေနဲ့ရပ်တည်နေတဲ့ နှိုင်းယှဉ်ကို ပရိသတ်တွေကလည်း လေးစားချီးကျူးကာ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T