အနာဂတ်မပျောက်သယောင် ဟန်ဆောင်ရင်းနာကျင်သမျှကို ဟာသလုပ်ပစ်နေရတဲ့ နေ့ရက်တွေ မရှိချင်တော့ဘူးလို့ ခံစားချက်တွေ ဖွင့်ဟ လာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/12/12d8d5d073c1a0d73dae87e7eb8f01bf420b2b86.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ် အချစ်တော် အကယ်ဒမီ ရုပ်ရှင်မင်းသမီးချောလေး တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ လက်တလောအဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မိမိဝါသနာ ပါရာ အနုပညာ အလုပ်တွေကို လုပ်ရင်း ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ သူမဟာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပြည်သူ့လှုပ်ရှား မှုတွေမှာ ပြည်သူ့ ဘက်ကနေရပ်တည်ပါဝင်အားဖြည့်ပေးနေတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

ယခုအခါမှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"မရှိချင်တော့ဘူး....

မတရားသေနတ်နဲ့ပစ်သတ်ခံရတဲ့ သမီးလေးရဲ့ရုပ်အလောင်းဘေးမှာ ငိုကြွေးနေရတဲ့မိခင်တွေ....

မရှိချင်တော့ဘူး...

အကြောင်းပြချက်မရှိ မတရားဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အပြစ်မဲ့ပြည်သူတွေ ဝန်ထမ်းတွေ...

မရှိချင်တော့ဘူး...

လက်နက်အားကိုးနဲ့ညှင်းပန်းနှိပ်စက်သမျှ လူးလှိမ့်ခံစားနေရတဲ့အဖြစ်တွေ....

မရှိချင်တော့ဘူး...

ရုတ်တရက်ဖမ်းဝရမ်းထုတ်ခံရတဲ့ ခင်ပွန်းအတွက်ဖခင်အတွက် ပူပန်နေရတဲ့ဇနီးမယားနဲ့ သားသမီးတွေ..."

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

"မရှိချင်တော့ဘူး....

သံပုံးတွေကို အားကိုးစရာလက်နက်သဖွယ် ခေါင်းရင်းထားအိပ်ရတဲ့ညတွေ...

မရှိချင်တော့ဘူး...

အကြောက်တရားတွေသာ ကြီးစိုးနေရတဲ့ ညအမှောင်တွေ....

မရှိချင်တော့ဘူး...

မကြောက်ဘူး...ငါတို့နိုင်မှာလို့ အံကြိတ်ကြွေးကြော်ရင်း မျက်ရည်ကျနေရတဲ့နေ့တွေညတွေ...

မရှိချင်တော့ဘူး...

အနာဂတ်မပျောက်သယောင် ဟန်ဆောင်ရင်းနာကျင်သမျှဟာသလုပ်ပစ်နေရတဲ့ ငါတို့နေ့ရက်တွေ...

မရှိချင်တော့ဘူး...

လူတန်းစားမညီမျှမှုတွေ

မရှိချင်တော့ဘူး...

မတရားမှုတွေ...

မရှိချင်တော့ဘူး...မရှိချင်တော့ဘူး...မရှိချင်တော့ဘူး..." ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်........။

Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account
Photo Crd - Paing Phyo Thu's FB account

သတင်း အရင်းအမြစ်Paing Phyo Thu's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T