CR7 အမှတ်အသားပါ စောင်များရောင်းချပြီး ရရှိလာတဲ့ အကျိုးအမြတ်ကို ရင်သားကင်ဆာဖောင်ဒေးရှင်းများသို့ လှူဒါန်းသွားမယ့် စီရော်နယ်ဒို

ဘောလုံးလောကရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဗုဒ္ဓရုပ်ပွားတော်ပုံအပေါ် ခြေထောက်တင်ထားသော ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ပရိသတ်တွေကြားမှာ ဂယက်ထဝေဖန်သံတွေ ထွက်ပေါ်လာတယ်။ ဘောလုံးဝါသနာရှင်များကလည်း သူ့ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချခဲ့ပါတယ်။ တစ်ချို့ကကျတော့လည်း ဒါဟာ အလှဆင်ထားသောပုံတော်ဖြစ်တာကြောင့် ဘာမှမဖြစ်ပါဘူးလို့ ပြောခဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုဘက်ကတော့ ပြန်လည်ဖြေရှင်းထားခြင်းလည်းမရှိသလို တောင်းပန်ခြင်းတွေဘာတွေလည်း မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့မနက်ခင်းမှာတော့ ရော်နယ်ဒိုဟာ CR7 အမှတ်တံဆိပ်ပါ စောင်များကိုရောင်းချပြီး ရရှိလာတဲ့အကျိုးအမြတ်တွေကို ရင်သားကင်ဆာနဲ့ပတ်သတ်တဲ့ကုသစမ်းသပ်မှုတွေ နဲ့ရင်သားကင်ဆာရောဂါသည်တွေကို ထောက်ပံ့သွားမယ်ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ "Help me kick breast cancer. Visit CR7blankets.com save 15% with promo code Pink7 and Elite Team will donate to Breast Cancer Research with every blanket you buy." လို့ရေးပြီး တင်ထားခဲ့ပါတယ်။ သူရဲ့ပရိသတ်တစ်ဦးကတော့ " မနေ့က ဗုဒ္ဓရုပ်တုပေါ် ခြေထောက်တင်ရိုက်တာကျ ဝေဖန်တိုက်ခိုက် ရှုံ့ချကြတယ်။ ဒီလိုမျိုး ရင်သားကင်ဆာဖောင်ဒေးရှင်းတွေကို ထောက်ပံ့ပေးတာမျိုးကျ ဘာကောင်းချီးသြဘာမှမပေးကြဘူး" ဆိုပြီး ပြောဆိုရေးသားထားတာတွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒိုဟာ မနေ့ကတင်ခဲ့တဲ့ ဓာတ်ပုံနဲ့ပတ်သတ်လို့ ဘာ်လိုတုန့်ပြန်မှုမျိုးမှမလုပ်ခဲ့တဲ့အတွက် ဘောလုံးပရိသတ်တော်တော်များများဟာ မကျေနပ်ဖြစ်နေတုန်းပါပဲ။

Source: Ronaldo's Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။