ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ လွတ်လပ်ပျော်ရွှင်စွာ နေတတ်သူလေး ဖြစ်ပြီး MRTV-4 ဇာတ်လမ်းတွဲ တွေထဲမှာ သရုပ်ဆောင်တဲ့ မင်းသမီးတွေထဲက အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးတစ်လက် ဆိုလည်းမမှားပါဘူးနော်.....။ခေးဆက်သွင်ဟာ "အမာညို"ဇာတ်ကောင်နဲ့ လူသိများ ကျော်ကြားလာကာ အပိုအလိုမရှိ ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ဝန်းရံမှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ပဲဖြစ်ပါတယ်။


ခေးဆက်သွင်က နောက်ပိုင်းတွင် ကြော်ငြာတွေနဲ့ Photo Shooting တွေကို လက်ခံရိုက်ကူးလာတာ ဖြစ်ပြီး သူမ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ သူမကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကြောင့် တတ်နိုင်တဲ့ဘက်ကနေ ပြည်သူလူထုနဲ့ အတူ တစ်ရက်မပျက် နေပူထဲမှာ စိတ်ဓာတ်ပြင်းထန်စွာ ပါဝင်လှုပ်ရှား မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ခေးကတော့ နိုင်သလောက် အင်အားရှိသလောက် ထပ်ပိုပြီး လုပ်လို့ရတာ အကုန်လုပ်မဲ့ အကြောင်းကို သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် "အိမ်က ၁၃နှစ်နဲ့ ၁၆နှစ်ကလေးနှစ်ယောက်ကို keyboard fightersလုပ်ခိုင်းထားတယ်.....


ကိုယ်က သူငယ်ချင်းတစ်သိုက်နဲ့တစ်ရက်မပျက်
ဆန္ဒထွက်ပြတယ်.....အနုပညာငွေကြေးတွေနဲ့ CDMသမားတွေအတွက် ထောက်ပံ့ပေးတယ်..... ည၈နာရီထိုးတာနဲ့ သံပုံးတီးတယ်......Free Rideတွေ စားစရာအကူအညီတွေ ရရင်ရသ လောက် လုပ်ပေးတယ်.....ပဋ္ဌာန်းရွတ်တယ် သစ္စာဆိုတယ်......ယတြာချေတယ် အောင်နမိတ်တွေ တဘောင်တွေ အကုန်ရွတ်တယ် သံချပ်စပ်တယ် နိုင်သလောက် တတ်သလောက် မှတ်သလောက် လုပ်နိုင်သလောက် အင်အားရှိသလောက်ထက်ပိုပြီး လုပ်လို့ရတာ အကုန်လုပ်မယ်.....ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မသည်သာ အောင်ပန်းဆင်ရပါစေ အောင်ပွဲဝင်ရပါစေ...."ဆိုပြီး စိတ်အားထက်သန်စွာ ရေးသားဖော်ပြပေးလာတာ ဖြစ်တာကြောင့် ခေးရဲ့ချစ်ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Khay Sett Thwin FB Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။