လက်သည်းဆိတ်ရင် လက်ထိပ်နာတာကြောင့် တိုင်းရင်းသားတွေဖိနှိပ်ခံရတုန်းက မမြင်ခဲ့၊မသိခဲ့မိတာရှိရင် တောင်းပန်ပါတယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ

//s9.kh1.co/bd/bd3d5f8f9fad829fa629fe6284bc87127b3a8f10.jpg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လက်သည်းဆိတ်ရင် လက်ထိပ်နာတာကြောင့် တိုင်းရင်းသားတွေဖိနှိပ်ခံရတုန်းက မမြင်ခဲ့၊မသိခဲ့မိတာရှိရင် တောင်းပန်ပါတယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ

မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲလေးတွေ အများအပြားရိုက်ကူးခဲ့သလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလေး ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့တဲ့ ဆောင်းဝတ်ရည်မေက နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆောင်းဝတ်ရည်မေက သူမချစ်တဲ့ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို တောင်းဆိုနေတာ ဖြစ်ပါတယ် ။

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဆောင်းဝတ်ရည်မေက သူမကိုယ်တိုင်လူထုလှုပ်ရှားမှုမှာ ပါဝင်နေသလို ပြည်သူတွေအတွက် အစားအသောက်တွေကို လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဆောင်းဝတ်ရည်မေက တိုင်းရင်းသားအားလုံးကို ချစ်တဲ့သူဖြစ်တာကြောင့် အားလုံးစိတ်ဝမ်းမကွဲဘဲ ချစ်ချစ်ခင်ခင်နေကြဖို့ တောင်းပန်စကားဆိုလိုက်တာ ဖြစ်ပါတယ် ။ ဆောင်းဝတ်ရည်မေက "အရင်တုန်းက တိုင်းရင်းသားတွေဖိနှိပ်ခံခဲ့ရတုန်းက မမြင်မိခဲ့ မသိမိခဲ့မိတာတွေရှိရင် တောင်းပန်ပါတယ်ရှင် ။ အဲ့တုန်းက သတိမထားမိခဲ့သလိုများရှိခဲ့ရင် ခွင့်လွှတ်ပေးပါနော် ။ အခုဒီကိစ္စကြီးမှာ အရေးတော်ပုံသာမအောင်မြင်ခဲ့ရင်..ကျွန်မတို့ဗမာတွေအပါဝင် ကျန်တစ်ခြားတိုင်းရင်းသားတွေ အားလုံးအကုန်လုံး ထပ်ပြီးတော့ အခုထက်ပိုဆိုးစွာ ဖိနှိပ်ချုပ်ချယ်ခံရမှာမို့ အားလုံးအတူတူဝိုင်းပြီး ဆန့်ကျင်ကြရအောင်ပါ။ ဘယ်သူထိထိ ဘယ်တိုင်းရင်းသားထိထိ ရင်ထဲမကောင်းအောင်ကို ခံစားနေရပါပြီရှင် ????ကျွန်မကတော့ တိုင်းရင်းသားအားလုံးကိုချစ်ပါတယ် ခွဲခြားထားတာမရှိပါဘူး ။ "

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page

"တုတုကိုယ်တိုင်တောင် တုတုက ဗမာဆိုပြီးလည်းမတွေးထားသလို ကျန်တဲ့သူတွေကိုလည်း တိုင်းရင်းသားဆိုပြီး တွေးပြီး မဆက်ဆံတတ်ပါဘူးရှင်။ တုတုမှာ ကျောင်းတက်ကတည်းကနေ အခုထိ တိုင်းရင်းသားအစုံ သူငယ်ချင်းရှိပါတယ်. သူတို့နဲ့လည်း တကယ်ကိုခုထိ ချစ်ချစ်ခင်ခင်ပါ ။ နောက်ပြီးတော့ တိုင်းရင်းသားအစားအစာဆို ဗမာအစားအစာထက်တောင် ပိုကြိုက်မိတယ်ဆိုတာတော့ အမှန်တိုင်းဝန်ခံပါရစေ ။ အားလုံးစိတ်ဝမ်းမကွဲဘဲ ချစ်ချစ်ခင်ခင်နေကြရအောင်ပါရှင် ။ တောင်းပန်ပါတယ် ?လက်သည်းဆိတ်ရင် လက်ထိပ်နာရပါသည်။ စာထဲမှာ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ ။ (Edit -တိုင်းရင်းသားတွေအထိနာခဲ့တုန်းကလည်း ဝမ်းသာပြီး ဩဘာပေးခဲ့တဲ့ထဲလည်းကျွန်မမပါခဲ့ပါဘူး) * ဒီစာလေးကိုရေးရတာ လျစ်လျူရှုမိတာတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်တာပါရှင်။ ထပ်ပြီးတော့ စိတ်ဝမ်းကွဲစေတာမျိုး...စိတ်ဝမ်းကွဲစေမယ့် Comments တွေမရေးကြပါနဲ့ရှင် မေတ္တာရပ်ခံပါတယ်။ **အဲ့လိုတွေများဖြစ်လာခဲ့ရင် ဒီPostကို ဖျက်ပါ့မယ်နော်" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် တိုင်းရင်းသားတွေအားလုံးကို အနူးအညွတ်တောင်းပန်ထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Hsaung WutYee May's FB Page

Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Photo Credit-Hsaung WutYee May's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T