လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။


အခုလိုလှုပ်ရှားမှုတွေကို တက်ကြွစွာပါဝင်နေတဲ့ လူငယ်အနုပညာရှင်တွေထဲမှာဆိုရင် အုပ်စိုးခန့်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်နော်။ အုပ်စိုးခန့်ဟာ လူထုလှုပ်ရှားမှုတွေကိုတက်ကြွစွာပါ၀င်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက် မုန့်တွေလှူဒါန်းခဲ့ရုံသာမက အမှိုက်တွေအထိပါ စနစ်တကျနဲ့ ပြန်လည်သိမ်းပေးနေတာကိုလည်း တွေ့ရပါတယ်.....။


အုပ်စိုးခန့်ဟာ အခုလိုတက်ကြွစွာပါ၀င်လှုပ်ရှားနေတဲ့သူ့ရဲ့ ပုံရိပ်တွေကို Facebook စာမျက်နှာမှာ
"Free our Leaders ! We want democracy !
We need justice......" ဆိုပြီးရေးသားကာ မျှဝေလာခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး လူငယ်တစ်ယောက်အနေနဲ့ ရဲရဲဝံ့ဝံ့ရပ်တည်လှုပ်ရှားနေတဲ့ အုပ်စိုးခန့်ရဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Oak Soe Khant's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။