သဘင်အဖွဲ့အစည်းက ညီအစ်ကိုတွေဖြစ်တဲ့ ဖိုးချစ် ဟန်ဇာမိုးဝင်းတို့နဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွပါဝင်နေခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း

//s9.kh1.co/7c/7c7d4e23a7ceacb3a493237a70fc15467214334a.jpg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ ဇာတ်သဘင်လောကကြီးကို တည်တံအောင် ဆက်လက်ထိန်းသိမ်းကာ လျှောက်လှမ်းနေကြသူတွေကတော့ ဇာတ်မင်းသား ဖိုးချစ် ၊ ဟန်ဇာမိုးဝင်းနဲ့ တင်မောင်ဆန်းမင်းဝင်းတို့ပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေတဲ့ သူတို့က သဘင်အဖွဲ့အစည်းရဲ့ အကြီးအကဲတွေဖြစ်ကြပြီး ကိုယ်ပိုင်သဘင်ကိုလည်း တည်ထောင်ထားနိုင်သူတွေဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။

Photo credit - San Min's Facebook Account
Photo credit - San Min's Facebook Account

အမြဲအတူတူ လုပ်ငန်းတွေမှာ ဦးဆောင်လုပ်ကိုင်လေ့ရှိကြတဲ့ သူတို့ သုံးယောက်က ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တစ်ဖက်တစ်လမ်းက ကူညီလုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ဒါကတော့ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ကူညီရပ်တည်ပေးနေတဲ့ ဖိုးချစ် ၊ ဟန်ဇာမိုးဝင်းနဲ့ တင်မောင်ဆန်းမင်းဝင်းတို့ သူငယ်ချင်း သုံးယောက်က လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ပုံလေးတွေကို ဝေမျှလာခဲ့ပါတယ်။ 

Photo credit - San Min's Facebook Account
Photo credit - San Min's Facebook Account

လူပေါင်းများစွာကြားထဲ တိုးဝှေ့ကာ ပြည်သူတွေနဲ့အတူ ပူးပေါင်းနေကြတဲ့ သူတို့ သုံးယောက်ရဲ့ ပုံလေးတွေအပြင် " သဘင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ အဆိုပါ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း ဖိုးချစ်၊ ဟန်ဇာမိုးဝင်းနဲ့ တင်မောင်ဆန်းမင်းဝင်း တို့အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ကြပါအုန်းနော် ။ 

Photo credit - San Min's Facebook Account
Photo credit - San Min's Facebook Account

သတင်း အရင်းအမြစ်Source - San Min's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T