လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေရုံသာမက ကိုယ်တိုင်စာရေးသားပေးကာ လမ်းဘေးမှာFree Poster‌တွေဝေပေးခဲ့တဲ့ သန္တာလှိုင်

//s9.kh1.co/f3/f369114ca8869cdd6ff19d7734c7e0ccab27449a.jpg
အနုပညာရှင်များ

 ၂၀-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ဒီနေ့မှာဆိုရင် (၂၀)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီး တစ်ဆထက်တစ်ဆတိုးပွားလာနေတာကိုလည်း တွေ့ရပါတယ်နော်....။

Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page

နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင်ပြည်သူချစ်အနုပညာရှင်များစွာလည်း ပါ၀င်နေတာဖြစ်ပြီးတော့ ဒီထဲမှာဆိုရင် သန္တာလှိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ သန္တာလှိုင်ဟာ တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားမှုတွေပြုလုပ်နေကာ ညဘက်တွေမှာဆိုရင်လည်း သံပုံးတီး Campaignကို အားတက်သရောလုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်နော်.....။

Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page

သန္တာလှိုင်ဟာ အခုဆိုရင်လည်းလမ်းဘေးတစ်နေရာမှာ ကိုယ်တိုင်စာရေးသားပေးနေပြီး Free Posterအနေနဲ့လုပ်ကာ ဝေပေးခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ "အရေးတော်ပုံ မအောင်မချင်း ဘာမှ ဆက်လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်.... " ဆိုတဲ့ captionလေးနဲ့အတူ ပုံလေးတွေတင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page
Photo credit-Thandar Hlaing's Facebook page

သတင်း အရင်းအမြစ်Thandar Hlaing's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T