ပရိသတ်ကြီးရေ (ရန်ကုန်)နာရေးကူညီမှုအသင်း ဥက္ကဌ ဖြစ်တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ တိုင်းပြည်အတွက် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်မလေး မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးခရီးအတွက် တက်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ မွန်မြတ်တဲ့ ဂုဏ်ပြုလှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးနဲ့ပတ်သက်ပြီး ဦးကျော်သူက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားရာမှာလည်း "ကျဆုံးသွားသော အာဇာနည်သမီးငယ် မမြသွဲ့သွဲ့ခိုင် ၏ နောက်ဆုံးခရီးအတွက်....




၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာကွယ်လွန်သွားခဲ့တဲ့ အာဇာနည် သမီးငယ် မြသွဲ့သွဲ့ခိုင်အားဦးညွှတ် အလေးပြုပါတယ်......သမီးငယ် မြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးဈာပနအခန်းအနားအား မနက်ဖြန် (၂၁.၂.၂၀၂၁)ရက်နေ့၊တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ ကွေ့ကြီးသုသာန် သို့ နေ့လည် (၁၁:၀၀) နာရီ တွင် ကျန်ရစ်သောရုပ်ခန္ဓာအားသယ်ဆောင်၍သင်္ဂြိုလ်မည်ဖြစ်ရာ ....နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ကျွန်တော်၏ အနုပညာအကြံပေးမိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊စာရေးဆရာ၊အနုပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန် တည်းကာ(၉)ရက်တိတိ .....



ကိုမောင်မောင်သိန်းလှိုင်၊ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှုအသင်းသားများ၊ပရဟိတဝန်ထမ်းများမှမော်တော်ယာဉ် သုံးစီးဖြင့် သွားရောက် လှူဒါန်းပို့ဆောင်ခဲ့ပါတယ် " ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဦးကျော်သူက လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းမလေး မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးဈာပနအတွက် ရတနာကိုးသွယ်ကျွန်းအခေါင်းကြီးကို ဂုဏ်ပြုလှူဒါန်းလိုက်ပေးတယ် ဆိုတဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



သတင်းအရင်းမြစ်: Source - Kyaw Thu fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။