သွေးချင်းညီအကိုတွေရဲ့ဘဝတွေနဲ့ မိသားစုတွေရဲ့ဘဝ​တွေမပျက်သွားစေမယ့် နည်းလမ်းလေးကို ပြောပြရင်း မေတ္တာရပ်ခံတောင်းဆိုလိုက်တဲ့ နေတိုး

//s9.kh1.co/2a/2a0fb4bc5dbed4a41adc8eb461e80c09459a16a7.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သွေးချင်းညီအကိုတွေရဲ့ဘဝတွေနဲ့ မိသားစုတွေရဲ့ဘဝ​တွေမပျက်သွားစေမယ့် နည်းလမ်းလေးကို ပြောပြရင်း မေတ္တာရပ်ခံတောင်းဆိုလိုက်တဲ့ နေတိုး

မင်းသားချောနေတိုးကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေအပြင် ​ကြော်ငြာတွေများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ နေတိုးကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေကာ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
photo credit: ye tun min ' s facebook acc 
photo credit: ye tun min ' s facebook acc 

နေတိုးကတော့ ယခုမှာ သွေးချင်းညီအကိုတွေရဲ့ဘဝတွေနဲ့ မိသားစုတွေရဲ့ဘဝ​တွေမပျက်သွားစေမယ့် နည်းလမ်းလေးကို ပြောပြရင်း မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ နေတိုးကတော့ " ကျွန်​တော်တို့တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးဟာ ​သွေးချင်းညီအကို​တွေပါပဲ ကျွန်​တော်တို့ညီအကို​တွေရဲ့ဘဝ​တွေများစွာအတွက် ကျွန်​တော်တို့မိသားစုတွေရဲ့ဘဝ​တွေမပျက်စေဖို့နဲ့ကျွန်​တော်တို့ကလေးတွေရဲ့အနာဂါတ်မပျောက်စေဖို့အတွက်အခုအချိန်မှာတစ်ခုတည်း​သောနည်းလမ်းကCDM နဲ့ ကူညီ​ကြဖို့ပဲဖြစ်ပါတယ် အားကိုးပါတယ်မေတ္တာရပ်ခံပါတယ်အသနားခံတင်ပြတောင်းဆိုပါတယ်ခင်ဗျာ " ဆိုပြီး ရေးသားထားပါတယ်။

photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page

နေတိုးကတော့ "ကျွန်တော်တို့ပြည်သူအားလုံးမှာမိသားစုတွေရှိကြပါတယ် တစ်ဦးအ​ပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ကိုယ်ချင်းစာပေးကြဖို့လိုပါတယ်ခင်ဗျာ..မိမိတိုင်းပြည်ကိုမိမိတို့ညီညွတ်မှုနဲ့ကယ်တင်ပေးကြပါစည်းလုံးခြင်းသည်အင်အား ဆိုတဲ့အတိုင်းCDM ရဲ့စည်းလုံးမှုနဲ့အတူ ကျွန်တော်တို့ရဲ့သူရဲကောင်းဝန်ထမ်းများအား​အစဥ်ထာဝရ လေးစားစွာဖြင့်... ​နေတိုးပြည်သူများအားလုံးအန္တရာယ်ကင်းကြပါစေ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားနေတိုးတို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: naytoe 2021officially ' s facebook page

photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
photo credit: naytoe 2021officially ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T