လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးမှာဆိုရင် အနုပညာရှင်တွေအနေနဲ့လည်း တက်ကြွစွာပါ၀င်လှုပ်ရှားနေကြသလို ဖွေးဖွေးတစ်ယောက်လည်း စိတ်အားထက်သန်စွာနဲ့ ပါ၀င်လှုပ်ရှားနေတာကိုတွေ့ရပါတယ်နော်......။


ဖွေးဖွေးဟာ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ဦးလူမင်း ပါသွားပါပြီ...ဖွေးတို့လဲအချိန်မရွေး ပါနိုင်ပါတယ်..
ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ !
တကယ် ထိရောက်ပါတယ် ရုံးမတက်ကြပါနဲ့တော့ !!!!အသက်ပေးဆပ်ခဲ့ရတဲ့ လူငယ်လေးတွေ လူကြီးတွေ အတွက်လဲ ကြိတ်မနိုင်ခဲမရ မျက်ရည်ကျရတယ် ... ဘာပဲ ဖြစ်ဖြစ် ဒီတခါ အမှန်တရား ကို အမှားတရားက နိုင်လို့မရဘူး...စစ်အာဏာရှင်ကျဆုံးပါစေ!!!


မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းစွာ အိပ်နိုင် နိုးထနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လက်ထဲ အမြန်ပြန်ရောက်ပါစေ! ကြောက်ခေတ်ကိုပြန်မသွားကြေး! ယနေ့ အလှူ ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ၁၄၄ ပွဲ! I hope that People don’t react and can get some help from international..Once people react with violence, military can announce the detainment and will Get worse...အရေးတော်ပုံ အောင်ရမည်!!!!!!အကြမ်းမဖက် ဆန္ဒ ဆက်ပြမယ့် လူများ, CDM ဝန်ထမ်းများကိုလေးစားလျက် ....ဖွေးဖွေး" ဆိုပြီးရေးသားထားပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Phway Phway's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။