လက်သည်းခွံအောက်က အသားစလေးတွေထွက်နေရင်တောင် အရမ်းနာတာမို့ ကိုယ်ချင်းစာစိတ်လေးတစ်ခုပဲ ထားပေးဖို့တောင်းပန်လိုက်တဲ့ မေလသံစဥ်

//s9.kh1.co/7e/7e5ea82552d9d33c0592a58c14a2eaf7773fb812.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လက်သည်းခွံအောက်က အသားစလေးတွေထွက်နေရင်တောင် အရမ်းနာတာမို့ ကိုယ်ချင်းစာစိတ်လေး တစ်ခုပဲ ထားပေးဖို့တောင်းပန်လိုက်တဲ့ မေလသံစဥ်

အသံအေးအေးလေးနဲ့ သီချင်းလေးတွေကို သီဆိုတတ်တဲ့ မေလသံစဥ်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်တဲ့အထိ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။မေလသံစဥ်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။

photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page

လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လျက်ရှိနေတဲ့ မေလသံစဥ်ကတော့ မနေ့ကဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်နဲ့ ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။  မေလသံစဥ်ကတော့ ယခုမှာ လက်သည်းခွံအောက်က အသားစလေးတွေထွက်နေလို့ ဆွဲလှန်လိုက်ရင်တောင် အရမ်းနာတာမို့ ကိုယ်ချင်းစာစိတ်လေးတစ်ခုပဲ ထားပေးဖို့တောင်းပန်လိုက်ပါတယ်။

photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page

မေလသံစဥ်ကတော့ " တောင်းပန်ချင်ပါတယ် ကိုယ်ချင်းစာစိတ် တစ်ခုပဲ ထားပေးပါကိုယ့်လက်သည်းခွံအောက်က အသားစလေးတွေ ထွက်နေရင်တစ်ယောက်ယောက်ကို ဆွဲလှန်ခိုင်းကြည့်ပါလား နာကျင်မှုဆိုတာ ဒါလေးမှာတောင် ဒီလောက်ဖြစ်နေရင် ရိုက်တာနှက်တာ ၊တံခါးအတင်းဖျက် ဝင်ဆွဲခံရတာ ၊ကားနဲ့ဝင်တိုက်တာ ၊ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတဲ့ သေနတ်နဲ့ပစ်လို့ နာကျင်စွာခံစားရ သေဆုံးရတာတွေအတွက် ...ငါသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး တစ်ခုပဲ ထားပေးပါ Bro တို့ရယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: မေလသံစဉ် may melody ' s facebook page

photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
photo credit: မေလသံစဉ် may melody ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T