လမ်းပေါ်ထွက်ကာ ဆိုင်းဘုတ်ကိုင်ပြီး အေးချမ်းစွာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို လက်ဖက်ထမင်း အလှူပြုခဲ့တဲ့ မေလသံစဥ်

//s9.kh1.co/bc/bc157913267c3c4404e607ec54225574043a7ec0.jpg
အနုပညာရှင်များ

 ၂၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက်ငယ်ငယ်လေးနဲ့ တူရိယာပေါင်းစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူလေးဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့သူလေးကတော့ အဆိုတော်မလေး မေလသံစဥ်ပဲ ဖြစ်ပါတယ်။ မေလက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လေ့ရှိသူဖြစ်ပြီး အသက်အရွယ်နဲ့မလိုက်တဲ့ အောင်မြင်မှုမျိုးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဂီတလမ်းကြောင်းမှာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားပါသေးတယ်။

Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page

မေလက တစ်ကိုယ်တော် အယ်ဘမ်လ်တွေလည်း ထွက်ရှိအောင်မြင်ထားတာဖြစ်ပြီး အကယ်ဒမီရွှေကြိုမယ်အဖြစ် ရွေးချယ်ခြင်းခံရတာလည်း ဖြစ်ပါတယ်။ လူငယ်ပီပီ တက်ကြွလန်းဆန်းပြီး ဖော်ရွေတတ်တဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်တာကို တွေ့ရပါတယ်။ သူမက လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဝေမျှလာခဲ့ပါတယ်။

Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page

ဒါကတော့ လမ်းပေါ်ထွက်ကာ အမှန်တရားဘက်က ရပ်တည်နေတဲ့ ပြည်သူတွေကို လက်ဖက်သုတ် ပွဲ ၃၀၀ အလှူပြုနေခဲ့တာပါ။ အလှူပြုနေတဲ့ ပုံရိပ်လေးတွေအပြင် " ကိုယ့်အိတ် ကိုယ်စိုက် ကိုယ့်ခန္ဓာ ကိုယ်ရင်း ကိုယ့်ဆိုင်းဘုတ် ကိုယ်ကိုင်ပြီး ဆန္ဒတစ်ခုအတွက် ယုံကြည်ချက်နဲ့ ကြိုးပမ်းနေကြသော အစ်ကို အစ်မ များအတွက် ကိုယ်တိုင်လုပ် လက်ဖက်ထမင်း ဗူး(၃၀၀)ဝေမျှ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ ။

Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page
Photo credit - May La Than Zin's Facebook Page

သတင်း အရင်းအမြစ်Source - May La Than Zin's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T