အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစတောင်းရဲ့ အိတ်ကို နယူးယောက်မြို့ရှိ ဆော်သဘီလေလံတိုက်ကရောင်းချခဲ့ကြောင်း BBC News မှာဖော်ပြထားပါတယ်။

အဆိုပါ အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစတောင်းရဲ့ အိတ်ကို အမေရိကန်ဒေါ်လာ (၂)သန်းနီးပါးနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တာပါ။(၁၉၆၉)ခုနှစ်က Apollo 11 mission မှာ အထက်ပါ အိတ်ကို လပေါ်က နမူနာတွေ ပထမဆုံးစုဆောင်းရာမှာ အသုံးပြုတဲ့ အိတ်ဖြစ်ပါတယ်။

အိတ်ထဲမှာ လပေါ်က ဖုန်မှုန့်တွေနဲ့ ကျောက်တုံးအပိုင်းအစလေးတွေ ကပ်နေသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။အမည်မဖော်လိုသူ လေလံသမားတစ်ဦးက လေလံပွဲကနေတစ်ဆင့် အိတ်ကို ဝယ်ယူသွားတာပါ။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။