ကိန်းဂဏန်းတွေနဲ့ ကမ္ဘာပေါ်က ယဉ်ကျေးမှုအစဉ်အလာများ

//s9.kh1.co/b2/b2ee886f54ff24ed0deb3c577a27e5e008eb783e.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှုအများစုမှာ တချို့ နံပါတ်တွေဟာ ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်လို့ယုံကြည်ကြပါတယ်။အနောက်နိုင်ငံတွေမှာတော့ ၁၃ဂဏန်းဟာ ကံဆိုးစေတယ်လို့ လူတွေကယူဆကြပါတယ်။ဥပမာ- အမေရိကန်နိုင်ငံမှာရှိတဲ့ မြို့တော်တော်များများ မှာ (၁၃)လမ်းဆိုတာ မရှိသလို အဆောက်အအုံ (၁၃)လွှာဆိုတဲ့ နံပါတ်ကိုမထားကြပါဘူး။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

အခြားနိုင်ငံတွေမှာလည်း နံပါတ်နဲ့ပတ်သက်ပီး ကွဲပြားတဲ့အယူအဆတွေရှိပါတယ်။ ဂျပန်၊ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာဆိုရင် လူတွေဟာ (၄) ဂဏန်းကို ကံမကောင်းစေဘူးလို့မှတ်ယူထားပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါနိုင်ငံတွေရဲ့ နံပါတ်(၄)ဆိုတဲ့ အသံထွက်ဟာ “သေခြင်း”ဆိုတဲ့ စကားလုံးနဲ့ အသံထွက်ခြင်းတော်တော်တူနေလို့ပါပဲ။ ဒါ့အပြင် ထိုနိုင်ငံတွေရဲ့ ဟိုတယ်တော်တော်များများမှာ လေးလွှာဆိုတာမရှိကြပါဘူး။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

တချို့ဂဏန်းတွေဟာ ကံဆိုးစေတယ်ဆိုပေမဲ့လည်း အကုန်လုံးတော့မဟုတ်ပါဘူး။ တချို့သော ဂဏန်းတွေလည်း ကံကောင်းစေတတ်ပါတယ်။ အနောက်ပိုင်း ယဉ်ကျေးမှုအများစုမှာတော့ နံပါတ်(၇)ကို ကံ‌‌ေကာင်းခြင်းဂဏန်းအဖြစ်မှတ်ယူထားပါတယ်။ တရုတ်လူမျိုးတွေရဲ့ ကံကောင်းခြင်းဂဏန်းကတော့ နံပါတ်(၈)ဖြစ်ပါတယ်။ ဒါ့အပြင် လူအများစုဟာ ကံကောင်းခြင်းနံပါတ်အဖြစ် သူတို့ရဲ့ မွေးနေ့၊နှစ်ပတ်လည်နေ့တွေကိုမှတ်ယူကြပါတယ်။ လောင်းကစားလုပ်ရင်တောင်မှ လူတွေဟာ အဆိုပါနံပါတ်တွေကို အသုံးပြုပီး ထည့်‌‌ေလာင်းရင် အနိုင်ရမယ်လို့ယုံကြည်ကြပါသေးတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Numbers &Beliefs

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T