သရုပ်ဆောင်နေဆန်းကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာရပ်တည်ခဲ့တာကြောင့် ပရိသတ်အများအပြားက ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။နေဆန်းကတော့ အခုနောက်ပိုင်းမှာဆိုရင် ချစ်ဇနီးနဲ့အတူ“နယူးချစ်တီး”ဆိုတဲ့ မြန်မာထမင်း၊ဟင်းဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်နော်။နေဆန်းတို့ဇနီးမောင်နှံနှစ်ယောက်မှာ သားတစ်ယောက်၊သမီးတစ်ယောက်လည်း ထွန်းကားထားတာဖြစ်လို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။



နေဆန်းတို့ဇနီးမောင်နှံက အလှူအတန်းနဲ့ပက်သတ်ရင်အရမ်းရက်ရောပြီး သူတို့ဆိုင်က ထမင်း၊ဟင်းတွေကိုလည်းလူတန်းစားမရွေးစားလို့ရအောင် စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လမ်းပေါ်ထွက်နေရတဲ့လူအုပ်ကြီးအတွက် နေ့တိုင်းလိုလို အစားအသောက်တွေကို လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။နေဆန်းတို့က (၂၂.၂.၂၀၂၁)ရက်နေ့မှာလည်းပြည်လုံးကျွတ်နီးပါးထွက်ရှိလာတဲ့လူအုပ်ကြီးကို စားစရာ၊သောက်စရာတွေ လိုက်ဝေပေးခဲ့တာပါနော်။



နေဆန်းတို့ဇနီးမောင်နှံက လမ်းပေါ်မှာ ကြက်ပျံမကျစည်ကားနေတဲ့ လူအုပ်ကြီးကို ကော်ဖီအေးနဲ့ ကြက်ဥပြုတ်တွေကို လှူပေးခဲ့တာဖြစ်ပါတယ်။အားကြိုးမာန်တက်နဲ့ တက်တက်ကြွကြွရင်ဆိုင်နေကြတဲ့ပြည်သူလူထုကြီးအတွက်ကတော့ အဘက်ဘက်ကနေကူညီဖေးမကြမယ့် အလှူရှင်တွေက အဆင်သင့်စောင့်နေကြတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံကလည်း ကိုယ်တတ်နိုင်တဲ့အားလေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရလို့ ကျေနပ်ပီတိဖြစ်နေကြတာဖြစ်ပါတယ်နော်။



Source&Photo Credit:နယူးချစ်တီး Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။