အရမ်းထူးခြားတဲ့ (၂၂၂၂၂) နေ့မှာ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားရတနာလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ မေမေမိုးယုစံ

//s9.kh1.co/14/14a7e591087923917c312e54f93b4114939c34ce.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အရမ်းထူးခြားတဲ့ (၂၂၂၂၂) နေ့မှာ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားရတနာလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ မေမေမိုးယုစံ

မင်းသမီးချောလေး မိုးယုစံကတော့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေအပေါ်မှာ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဆောင်ခဲ့တဲ့ မိုးယုစံကို ပရိသတ်တွေကလည်း အရမ်းချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတဲ့ မိုးယုစံက အခုဆိုရင်တော့ ကလေးနှစ်ယောက်မေမေဘဝကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။

Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc

ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ မေမေမိုးယုစံက မနေ့ကပဲ ရန်ကုန်မြို့ရှိ "Grand Hantha" ဆေးရုံကြီးမှာ ကလေးမွေးခဲ့တာ ဖြစ်ပါတယ် ။ မေမေမိုးယုကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့သားရတနာလေးကို အခက်အခဲမရှိဘဲ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အရင်ကတည်းက Kelvin လို့ ချစ်စနိုးနဲ့နာမည်ပေးထားတဲ့ မိုးယုစံရဲ့သားလေးကတော့ အရမ်းထူးခြားတဲ့ (၂၂၂၂၂) နေ့မှာ လူ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ ကလေးလေးပဲ ဖြစ်ပါတယ် ။

Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc

ဒါကြောင့် မိုးယုစံက "သားငယ်လေး မာမီတို့ဘဝထဲရောက်လာပါပြီ ဒီနေ့ကတော့ (၂၂၂၂၂)နေ့ဆိုတော့ မှတ်မှတ်ရရပါပဲ ❤️ အားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ ?" ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားရတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ခဲ့ရတဲ့ မိုးယုက ပြည်သူတွေအတွက် အသုံးဝင်မယ့် အချက်ပြနည်းတွေကို မျှဝေပေးခဲ့သလို အခုလည်း အားလုံးအန္တရာယ်ကင်းနိုင်ဖို့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ကဲ (၂၂၂၂၂) နေ့မှာ မွေးဖွားခဲ့တဲ့ မိုးယုစံရဲ့ဒုတိယမြောက်သားလေး Kelvin ရဲ့ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit -Moe Yu San's FB Acc

Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T