သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံကတော့ အနုပညာလောကတွင် ပရိသတ်တွေရဲ့ တစ်ခဲနက်ချစ်ခင်အားပေးမှုတွေနဲ့ အခိုင်အမာရပ်တည်နေသူလည်း ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ကျရာအခန်းကဏ္ဍကနေပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေသူလည်း ဖြစ်ပါတယ်။


ဆုအိမ့်စံဟာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ထဲကဆန္ဒအမှန်တွေကိုထုတ်ဖော်နေသူတွေသွားရေးလာရေးအဆင်ပြေအောင်သွားလိုတဲ့နေရာတွေကိုအခမဲ့ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဆုဆုတို့လို အနုပညာရှင်တွေသာမကဘဲ အခြားသော ပြည်သူများကပါ သူတို့ရဲ့ ကားတွေနဲ့ Free Ride ပို့ဆောင်ကာ ပြည်သူအချင်းချင်း ကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။


ဆုဆုရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ဒီနေ့ အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေမှာ စိုးလို့ ဆူးလေမြေနီကုန်း လှည်းတန်း သာကေတ ဘက်တွေကို
free ride လိုက်ပို့ပေးဖြစ်ပါတယ်။ တတ်နိုင်သမျှ ပြည်သူ အချင်းချင်း စည်းလုံးကူညီပေးရမယ့် အချိန်ပါ💪🏻💪🏻💪🏻
#အရေးတော်ပုံအောင်ရမည်
#WhatsHappeningInMyanmar
#EMPRESS_HSU " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရပါစေ။
Source and Photo Crd-Hsu Eaint San’s Facebook Page


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။