ပရိသတ်ကြီးရေ......သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကထဲကို ဝင်ရောက်တာ သိပ်မကြာသေးပေမယ့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်ကျော် ကြားမှုတွေကို ရရှိခဲ့တာဖြစ်ပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုအမူလေးတွေကြောင့် သူမကို ယောကျာ်းလေး ပရိသတ်တွေ သာမက မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်အားပေး ဝန်းရံမှုကို ခံနေရတာ ပဲဖြစ်ပါတယ်။နေခြည်ဟာ Beauty Blogger အလုပ်နဲ့ လူသိများလာတာ ဖြစ်ပြီး ယခုနောက်ပိုင်းတွင်လည်း သရုပ်ဆောင် အလုပ်နဲ့ အတူ တွဲဖက်လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။


နေခြည်ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ရပ်မှာဆိုရင်လည်း ပြည်သူ လူထုနဲ့ အတူ ပါဝင်ကာ တတ်နိုင်သလောက် လှူဒါန်းမှုတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။မကြာသေးခင်တုန်းကလည်း ဒုက္ခရောက်နေတဲ့ စိန်ပန်းရပ် တာရိုးနေ ပြည်သူများအတွက် ညအိပ်အဆင်ပြေစေဖို့အတွက် ခြုံစောင် အထည် ၂၅၀ ကိုလည်း လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်နော်...။မနေ့က(၂၂၂၂၂) လူထုလှုပ်ရှားမှုတွင်လည်း သူမ ကိုယ်တိုင်ပါဝင်ကာ ပြည်သူတွေ အတွက် စားစရာသောက်စရာများကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။


နေခြည်ဦးရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "လှည်းတန်းက ပြည်သူတွေအတွက် ကြာဇံကြော်ပွဲ (၄၀၀၀) ကျော် ဘဲသားမုန့် (၁၀၀၀) Royal D Hype ရေသန့် ဘူး (၅၀၀၀) ကိုဒီနေ့ သူငယ်ချင်းတွေ စုပြီး လှူဖြစ်ကြပါတယ်။အားလုံးပဲ ဂရုစိုက်ကြပါ။"ဆိုတဲ့ စာသားလေးနဲ့ အတူ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း နေခြည်ရဲ့ အလှူလေးကို အားရကျေနပ်ပီတီ ဖြစ်စေနိုင်ဖို့ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။



သတင်းအရင်းမြစ်: Nay Chi Oo FB Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။