သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလောကတွင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အထူးရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ညီမလေး သံစဉ်မောင်နဲ့အတူ တက်ကြွစွာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ လှုပ်ရှားမှုများတွင် မပါဝင်ဖြစ်တဲ့ နေ့တွေမှာလည်း အိမ်မှာနေပြီး မြတ်စွာဘုရားအား ဝတ်ပြုရင်းဆုတောင်းမှုတွေ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။


ဘေဘီဟာ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် အရေးကြုံလာရင် အားလုံးနဲ့တန်းတူ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်တရားအားထုတ်ဖော်ပြသနေတာလည်း ဖြစ်ပါတယ်။ မနေ့ကတော့ ထူးခြားလွန်းတဲ့ ၂၂.၂.၂၀၂၁ နေ့ရက်လေးပဲ ဖြစ်ပြီး ဘေဘီမောင်ရဲ့ မွေးနေ့ရက်ပဲ ဖြစ်ပါတယ်။ “ 22.2.2021အသက်30ပြည့်ခဲ့ပြီ😔🎂
မိဘအပေါ်သိတတ်ပြီး ခုနှစ်ရက်သားသမီး ရာဟုပါမကျန် စေတနာမေတ္တာထားပြီး ကူညီဖေးမ စောက်ရှောက်ခဲ့ပေး🙏🏻လှူဒါန်းခဲ့ပေးပါသောတပည့်တော်မ၏ကောင်းမှုစေတနာအစုစုတို့ကြောင့်🙏🏻
မြန်မာပြည်ကြီးအေးချမ်းပါစေဆိုသောဆုတစ်ခုထဲသာတပည့်တော်မ တောင်းပါရစေအရှင်ဘုရား🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပဲ ဖြစ်ပါတယ်။


ဒါ့အပြင် သူမရဲ့အသက် (၃၀) ပြည့်နေ့လေးမှာ ပြည်သူတွေအတွက် မုန့်တွေဝေပေးရင်း တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကလည်း "22.2.2021 အသက်30ပြည့်မွေးနေ့မှာ မုန့်ဝေရင်းပြည်သူများနဲ့ထပ်တူ🥰🙏🏻
မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ🙏🏻🙏🏻🙏🏻" ဆိုပြီး ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး ဘေဘီမောင်ရဲ့ဆုတောင်းလေးတွေ အမြန်ဆုံးပြည့်ဝပါစေနော်။
Source and Photo Crd-Baby Maung’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။