နေပူပူထဲမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့လှုပ်ရှားနေကြတဲ့ ပြည်သူလူထုရဲ့ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ ဝေဠုကျော်တို့အဖွဲ့သားများ

//s9.kh1.co/11/1197dd7c2c06308034cf57039bb9fdaf5f5c21dc.jpeg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နေပူပူထဲမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့လှုပ်ရှားနေကြတဲ့ ပြည်သူလူထုရဲ့ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ ဝေဠုကျော်တို့အဖွဲ့သားများ

အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ပရဟိတအလုပ်တွေကိုသာ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ပရိသတ်တွေလေးစားနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းက အကူအညီလိုအပ်တဲ့နေရာတိုင်းကို သွားရောက်ပြီး တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကူညီဖေးမပေးကြတာဖြစ်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 

ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ လက်ရှိအခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း ကိုယ်တိုင်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကိုအားကြိုးမာန်တက်ကူညီပေးတာဖြစ်လို့ လေးစားဖို့ကောင်းတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။(၂၂.၂.၂၀၂၁)ရက်နေ့ကဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေက နှစ်ဖွဲ့ခွဲပြီး လှည်းတန်းနဲ့ဆူးလေးကိုသွားရောက်ကာ ပြည်သူလူထုအတွက် အသင့်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 

ဝေဠုကျော်ကတော့ နေပူထဲမှာ မပင်မပန်းဘဲလှုပ်ရှားနေကြတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို ရှေးဦးသူနာပြုနည်းနဲ့ပြုစုပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ လူနာတင်ယာဉ်တွေကလည်း လမ်းပေါ်မှာအဆင့်သင့်ရှိနေတာဖြစ်လို့ တစ်ခုခုဆိုရင် အမြန်ကယ်တင်နိုင်ပါတယ်နော်။ဝေဠုကျော်တို့အဖွဲ့သားတွေက တက်ညီလက်ညီနဲ့ပြည်သူလူထုကို ကူညီဖေးမပေးနေတာဖြစ်လို့ ချီးကျူးစရာကောင်းလှပါတယ်။လူတန်းစားမခွဲခြားဘဲ ပြည်သူတိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပေးနေကြတဲ့ ဝေဠုကျော်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 
Photo Credit:Wai Lu Kyaw Foundation’s Facebook page 

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T