မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ Model အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိပြီး အောင်မြင်စွာရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်က အခုလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။




သင်ဇာဝင့်ကျော်က သူမကိုယ်တိုင် ပြည်သူတစ်ယောက်နေရာကနေ အားဖြည့်ကူညီပြီး နိုင်ငံအကျိုးအတွက် တတ်နိုင်သလောက်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က လူထုနဲ့အတူရပ်တည်တဲ့အပြင် ပြည်သူတွေအတွက် စားစရာမုန့်တွေ၊ အချိုရည်တွေနဲ့ရေသန့်တွေကိုလည်း လမ်းပေါ်မှာ လိုက်ဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ မနေ့က (၂၂၂၂၂) လုံးနေ့မှာဆိုရင်လည်း သင်ဇာဝင့်ကျော်က အားအင်အပြည့်နဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ် ။




သင်ဇာဝင့်ကျော်က "ဆန္ဒလည်းပြရင်း အလှူလည်းလုပ်ရင်း 🙌🏼🙏🏼🙌🏼 ဒီနေ့ ၂၂.၂.၂၀၂၁" ဆိုပြီး အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ပြည်သူတွေအတွက် အမောပြေရေသန့်ဘူးတွေ လိုက်ဝေပေးနေတဲ့ သင်ဇာဝင့်ကျော်ကတော့ သူမကိုအရမ်းချစ်ပြီး အားပေးတဲ့ ပရိသတ်တစ်ယောက်နဲ့လည်း ဆုံတွေ့ခဲ့သေးတာ ဖြစ်ပါတယ် ။ သူမကိုမြင်တာနဲ့ ဝမ်းသာအားရပွေ့ဖက်ပြီး အနမ်းပေးတဲ့ ပရိသတ်ကို သင်ဇာကလည်း ရင်းနှီးဖော်ရွေစွာဆက်ဆံခဲ့တာ ဖြစ်ပါတယ် ။ ကဲ (၂၂၂၂၂) နေ့မှာ ပါဝင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-ThinZar Wint Kyaw's FB Acc





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။