ချစ်ရတဲ့ ပရိသတ်ကြီးရေ Rapအဆိုတော် X-Boxကတော့ စာသားအလန်းလေးတွေကို တီထွင်ရေးသားလေ့ရှိသူဖြစ်ပြီး တစ်ကိုယ်တော်အယ်ဘမ်လ်တွေလည်း ထွက်ရှိထားတာဖြစ်လို့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိ Covid ကာလမှာလည်း အဆိုတော် X-Boxက သီချင်းအသစ်လေးတွေကို ဖန်တီးနေတာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များတာကို တွေ့ရပါတယ်။ 

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

ဒါ့အပြင် စမတ်ကျတဲ့ ဖက်ရှင်နဲ့ ချောမောတဲ့ သူရဲ့ ရုပ်ရည်ကြောင့်လည်း ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ဝန်းရံကြတာဖြစ်ပြီး အနုပညာရှင်တွေကလည်း ခင်မင်ရင်းနှီးကြပါတယ်နော်။

လူငယ်ပီပီ သွက်လက်တဲ့ X-Boxက အခမ်းအနားပွဲတွေမှာ ပါဝင်လေ့ရှိတာဖြစ်ပြီး ယခုလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

ဒါကတော့ ရန်ကုန်မြို့က လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံခဲ့တာဖြစ်ပြီး မနေ့က ၂၂၂၂၂ ပြည်လုံးကျွတ်လှုပ်ရှားပွဲကြီးကိုလည်း သွားရောက်ခဲ့တာပါ။ သွားရောက်ဝန်းရံခဲ့တဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာရင်း “Everyone knows that today the people of the whole country have won 🏆 “ ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit - X BOXIN's FB page
Photo credit - X BOXIN's FB page

သတင်းအရင်းမြစ်: Source - X BOXIN's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။