ချစ်ရတဲ့ ပရိသတ်ကြီးရေ အဆိုတော် အေသင်ချိုဆွေကတော့ သူမရဲ့ ဘဝကို အမှန်တိုင်းချပြဝန်ခံပြီး သမီးလေးနဲ့အတူ ရပ်တည်ရှင်သန်နေတဲ့ Single Motherတစ်ယောက်ပါနော်။ အေသင်ရဲ့ သီချင်းတွေက ခံစားချက်အပြည့်နဲ့ နားထောင်သူတိုင်း အကြိုက်တွေ့ရလောက်အောင် သီဆိုနိုင်သူဖြစ်လို့ အောင်မြင်မှုတွေလည်း များစွာ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အေသင်က တစ်ကိုယ်တော် အယ်ဘမ်လ်လည်း ထွက်ရှိထားပြီး နောက်ထပ် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတာကို တွေ့ရပါတယ်။

အနုပညာလှုပ်ရှားမှုတွေ မအားလပ်တဲ့ကြားက သမီးလေး ဗွီးဗွီးအတွက် ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးလေ့ရှိတဲ့ သူမကို မိန်းကလေးပရိသတ်တွေက အားကျရတာလည်း ဖြစ်ပါတယ်။ သမီးလေးကလည်း အေသင်နဲ့တူပြီး ဉာဏ်ကောင်းတာကြောင့် ပရိသတ်တွေက အချစ်ပိုကြပါတယ်နော်။ အေသင်က သမီးလေူရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့် ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။


ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သမီးလေး ဗွီးဗွီးက စိတ်အားထက်သန်နေတာဖြစ်ပြီး ဒို့အရေးလုပ်ဖို့ မေမေ အေသင့်ကို တောင်းဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။ အေသင်ကလည်း သမီးလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပြီး " Gen- alpha ဗွီးလေးကလည်း မိုးလင်းတာနဲ့ “ဒို့အရေး သွားမယ် ဒို့အရေး လုပ်မယ်”ပဲပြောနေတာ။ “သပိတ် သပိတ် “ “အောင်ရမည် အောင်ရမည်” တချိန်လုံး အော်နေတာ " ဆိုတဲ့ စာသားလေးနဲ့ အတူ သမီးလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ဝေမျှလာတာဖြစ်လို့ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Source - Athen cho Swe's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။