ပြည်လုံးကျွတ်ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ၂၂၂၂၂ နေ့မှာ ကိုယ်တိုင်တက်ကြွစွာပါဝင်ရင်း ပြည်သူတွေကိုလေးစားတန်ဖိုးထားကြောင်း ပြသခဲ့တဲ့ လွင်မိုး

//s9.kh1.co/8e/8ebceef6d75a12c102130143b8602e27501ad1b3.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ အကယ်ဒမီမင်းသားကြီးဦးလွင်မိုးကတော့ ယနေ့အချိန်အထိ ပရိသတ်တွေရင်ထဲလက်ခံအားပေးနေဆဲဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ဦးလွင်မိုးကတော့ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်သလို လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်ရပ်သားတည်းရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေတာ ဖြစ်ပါတယ်..။

Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc

နေ့ရက်တိုင်းလိုလိုလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ ဦးလွင်မိုးဟာ ဖေဖော်ဝါရီလ ၂၂ရက်နေ့က ပြည်လုံးကျွတ်ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ၂၂၂၂၂ နေ့မှာလည်း အများပြည်သူတွေနဲ့အတူ တက်တက်ကြွကြွပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်နော်..။

၂၂၂၂၂ နေ့မှာ ပြည်သူလူထုနဲ့အတူကိုယ်တိုင်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သလို စည်းလုံးပြီးတာဝန်ကျေလွန်းတဲ့ မျိုးဆက်သစ်ပြည်သူတွေကိုလည်း လေးစားတန်ဖိုးထားတဲ့အကြောင်းလေးတွေ ရေးသား ပြောပြလာပါတယ်နော်..။

Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc

"ဒီနေ့တော့

တနိုင်ငံလုံး..တက်တက်ကြွကြွ

ညီညီညွတ်ညွတ်..ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်

ကြတဲ့ပြည်သူပြည်သားအပေါင်းကို

ထာဝရ..လေးစားတန်ဖိုးထားပါတယ်.." ဆိုပြီး ဦးလွင်မိုးက ရေးသားထားတာဖြစ်ပါတယ်နော်..။

စည်းလုံးပြီး တာဝန်ကျေလွန်းကြတဲ့မျိုးဆက်သစ်ပြည်သူတွေကို လေးစားတန်ဖိုးထားတဲ့အကြောင်းလေး ပြောပြထားသလို ၂၂၂၂၂ နေ့က အမှတ်တရပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါတယ်နော်..။

Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc
Photo Credit - Lwin Moe's Fb Acc

သတင်း အရင်းအမြစ်Lwin Moe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T