၂၀၀၁ ခုနှစ် စတင်ပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် အစာရေစာပြတ်လပ်မှုကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့BBC News မှာဖော်ပြထားပါတယ်။ 

အဆိုပါသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာဖော်ပြထားရှိပြီးမိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံထွက်ရှိမှုကို ထိခိုက်စေပြီး အစားအစာတင်ပို့မှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ 

ဒီလိုမိုးခေါင်ရေရှားမှုဒဏ်ကိုအဆိုးရွားဆုံးခံစားနေရတာကတော့ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေဖြစ်သလိုလက်တလောကာလနှစ်တွေအတွင်း အစားအစာကူညီထောက်ပ့ံမှုတွေကလည်း မြေက်ကိုရီးယားစစ်လက်နက်အရေးကြောင့် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂရဲ့ အစားအစာနဲ့စို်က်ပျိုးရေး အဖွဲ့အစည်း(FAO)ကဆိုပါတယ်။

Aung 

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။