(၂၂၂၂၂) လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပြလာတဲ့ နိုင်းနိုင်း

//s9.kh1.co/5e/5e6b23cb355e27792f1bd9d6ef2f203766fed463.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

(၂၂၂၂၂) လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပြလာတဲ့ နိုင်းနိုင်း

ထိပ်တန်းမင်းသားတစ်လက်အဖြစ် ရပ်တည်နေတဲ့ နိုင်းနိုင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့ ထပ်တူကြတဲ့ နိုင်းနိုင်းကတော့ လူထုလှုပ်ရှားမှုတွေမှာလည်းစိတ်အားထက်သန်မှုအပြည့်နဲ့ တက်တက်ကြွကြွပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page

မနေ့ကတော့ မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ပြည်သူတွေများစွာက လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး 22ရက်2လ2021မှာပြုလုပ်ခဲ့ကြတာဖြစ်လို့ 22222လူထုလှုပ်ရှားမှုလို့ ခေါ်​ဝေါ်ကြပါတယ်။အဆိုလှုပ်ရှားမှုမှာ သရုပ်ဆောင်နိုင်းနိုင်းလည်း ကိုယ်တိုင်ပါဝင်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပါတယ်။ နိုင်းနိုင်းကတော့  (၂၂၂၂၂) လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပြလာခဲ့ပါတယ်။

Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page

နိုင်းနိုင်းကတော့ " ညီလိုက်ကြတာ မြန်မာပြည်သူ ပြည်သားများ... ဝမ်းသာအားရဖို့ကောင်းချက်က....၁၀၀%ကျော်တယ်။ ဘာလဲလို့ မေးစရာမလို။ သဲသဲ ကွဲကွဲ ပြလိုက်တဲ့၂၂ရက်နေ့။ လူကိုပဲထိန်းလို့ရမယ် စိတ်တွေကို ထိန်းလို့မရပါဘူး... ညီတယ်နော် သွေးချင်းတို့။  မှတ်ချက်... အမြင်မတူရင် ကျုပ်Page ထဲ ဝင်မကြည့်နဲ့... တစ်ခါထဲ အပြတ်ပြောလိုက်မယ်။ ဦးနှောက်ရှိသူများအတွက်သာ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: actor 99 ' s facebook page

Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Photo credit: actor 99 ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T