မန္တလေး နှစ်ငါးလုံး လူထုလှုပ်ရှားမှုကြီးမှာ ရှေ့ကနေအားကြိုးမာန်တက် သံပြိုင်ဟစ်ကြွေးရင်း ပါဝင်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မြင့်မြတ်

//s9.kh1.co/a9/a91c3b04fd5e15ff06a33912aa59d9f0dc3d5d41.jpeg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အကြာကြီး အခိုင်အမာ သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား မြင့်မြတ်ပဲ ဖြစ်ပါတယ်။ အနုပညာလောကတွင်သာမကဘဲ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကားတိုင်းကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေလက်ခံအားပေးတဲ့ မင်းသားတစ်လက် ဖြစ်လာတာပါ။ 

Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 

လတ်တလောမှာဆိုရင် မြင့်မြတ်က တိုင်းပြည်အတွက် တတ်နိုင်တဲ့နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူ့ပရိသတ်တွေနဲ့အတူ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တာကို မြင်တွေ့ရပါတယ်။ ပြည်သူတွေနဲ့အတူ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ၊ အနုပညာရှင်များစွာက အနာဂါတ်အိမ်မက်တွေ မပျောက်ဆုံးအောင် အားမာန်တက်ကြွစွာ ပါဝင်လာခဲ့ကြတာ ခုဆိုရင် တစ်ရက်ထက်တစ်ရက် အရှိန်အဟုန်ကောင်းလာတာလည်းတွေ့မြင်ရပါတယ်။

Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 

ခုလည်း မြင့်မြတ်က မန္တလေးရဲ့ ၂၂၂၂၂ လူထုလှုပ်ရှားမှုကြီးမှာ အနုပညာမောင်နှမတွေနဲ့အတူတူ ရှေ့ကနေအားကြိုးမာန်တက် သံပြိုင်ဟစ်ကြွေးရင်း ပါဝင်ခဲ့ပြန်ပါတယ်။ တက်တက်ကြွကြွပါဝင်နေတဲ့ မြင့်မြတ်ရဲ့ ပုံတွေကြည့်ပြီးလေးစားမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တဲ့ မြင့်မြတ်ကို ဂုဏ်ပြုပေးလိုက်ပါဦးနော်။ ပြည်သူအားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 
Photo Credit : Myint Myat Facebook Page 

Source & Photo Credit : Myint Myat Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T