ကမ္ဘာပေါ်တွင် သဘာဝအတိုင်းတည်ရှိနေတဲ့ချောက်များထဲမှာ "မာရီယာနာ"အမည်ရှိတဲ့ ချောက်ဟာ ကမ္ဘာ့အနက်ဆုံးချောက်လဲဖြစ်ပါတယ်။အဆိုပါချောက်ကြီးဟာ မြောက်ပစိဖိတ်သမုဒ္ဓရာအနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံနှင့်မာရီယာနာ ကျွန်းစုတို့ရဲ့အနီးမှာလည်းရှိပါတယ်။ အဆိုပါ မာရီယာနာချောက်ဟာ ပေပေါင်း ၃၆၀၇၀ပေအထိ အနက်ရှိပါတယ်။

Photo Credit:Google
Photo Credit:Google

ဒီချောက်ဟာ ဧရိယာအားဖြင့် အလျား ၁၅၈၀မိုင် အနံ ၄၃မိုင် ကျယ်ပြန့်ကြီးမားပြီး ပုံသဏ္ဍာန်ကတော့ လခြမ်း (သို့) စက်ဝိုင်းခြမ်းပုံစံဖြစ်ပါတယ်။မာရီယာနာချောက်ရဲ့ အောက်ခြေကြမ်းပြင်မှာတော့ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ကဲ့သို့ တွင်းထွက်တွေကို ထုတ်လွှတ်ပေးနေတဲ့ အပေါက်ငယ်တွေရှိနေပါတယ်။သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မာရီယာနာချောက်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၁၈၀ ရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit:Google
Photo Credit:Google

မာရီယာနာချောက်ရဲ့ အနက်ဆုံးနေရာ Challenger Deep ကို ပထမဆုံးရောက်ခဲ့သူတွေကတော့ ၁၉၆၀ခုနှစ်မှာရောက်ခဲ့ကြတဲ့ US ရေတပ်ဗိုလ် Don Walsh နဲ့ ဆွစ်သိပ္ပံပညာရှင် Jacques Piccard တို့ဖြစ်ပါတယ်။ တကယ်လို့များ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကို မာရီယာနာချောက်ထဲကိုရွှေ့လိုက်မယ်ဆိုရင် ဧဝရက်တောင်ဟာ သမုဒ္ဒရာရေမျက်နှာပြင်အောက် ၁မိုင်ကျော်ကျော်နစ်မြုပ်သွားမှာဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။