အနာဂတ်အတွက် ပြည်သူတွေနဲ့အတူ သွေးမအေးပဲ လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ပါဝင်လှုပ်ရှားနေတဲ့ အိမ်ဂျယ်လမုန်

//s9.kh1.co/2b/2be811ca6fa6b3656ddaf14882c23d1024efbb07.jpg
အနုပညာရှင်များ

 ၂၃-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ချစ်စရာကောင်းတဲ့ အိန်ဂျယ်လမုန်ကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင်တော့ ကြော်ငြာတွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်လာတာကြောင့် လူအများရဲ့ ချစ်ခင်သဘောကျမှုကို ရရှိလာတာ ပဲဖြစ်ပါတယ်။သူမဟာ ဇာတ်လမ်းတိုလေးတွေကိုလည်း ရိုက်ကူးထားကာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေရတာ ဖြစ်ပါတယ်နော်.....။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

အိန်ဂျယ်ကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ကာ ပါဝင်နေတာပဲဖြစ်ပါတယ်။သူမ တတ်နိုင်တဲ့ဘက်ကနေလည်း ပြည်သူတွေ အတွက် ရေသန့်၊ဆေး၊စားစရာတွေကိုလည်း လိုက်ဝေကာ အားလုံးနဲ့အတူ တက်တက်ကြွကြွ လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ဒီနေ့မှာဆိုရင်လည်း အားမလျော့ပဲ လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

မကြာသေးခင်ကလည်း သူမရဲ့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် "အပတ်စဉ် ပြက္ခဒိန်လဲမလှန်ဖြစ်တော့.....နေ့ရက်စဉ် နာရီတွေလဲမွန်းကျပ်လာသလို..မျှော်လင့်ချက်လေးတခုကလွဲလို့ ကျန်တာမပိုင်ဆိုင်.....အနာဂတ်မှုန်ဝါးဝါးလေးကလွဲလို့ ကျန်တာ ခပ်နွမ်းနွမ်းရယ်.....မေတ္တာလေးတခုကလွဲလို့ ကျန်တာ ဘယ်များရှိနိုင်မလဲ.....ဒါပေမယ့် ပြောရရင် ပိုင်ဆိုင်တာလေးတခုတော့ရှိပါဦးမယ် ဒါလေးကတော့ “______” တဲ့ . ??"ရဲရင့်ခြင်းနဲ့ စစ်မှန်ခြင်း ဆိုပြီး စာသားနဲ့အတူ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း အိန်ဂျယ့်နဲ့ ခံစားချက်ခြင်း ထပ်တူကျ လိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page
Photo Credit -Angel Lamung FB page

သတင်း အရင်းအမြစ်Angel Lamung FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T