လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ဒီနေ့မှာဆိုရင် (၂၃)ရက်မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီး တစ်ဆထက်တစ်ဆတိုးပွားလာနေတာကိုလည်း တွေ့ရပါတယ်နော်....။


နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင်ပြည်သူချစ်အနုပညာရှင်များစွာလည်း ပါ၀င်နေတာဖြစ်ပြီးတော့ ဒီထဲမှာဆိုရင် သန္တာဗိုလ်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။သန္တာဗိုလ်ဟာပြည်လုံးကျွတ်(၂၂၂၂၂) လူထူလှုပ်ရှားမှုကြီးမှာလည်း ချစ်သူကောင်းပြည့်နဲ့အတူ အခြားအနုပညာမောင်နှမတွေနဲ့တက်ကြွစွာပါ၀င်အားဖြည့်ခဲ့တာကိုလည်း တွေ့ရပါတယ်နော်။


အခုလိုအားတက်သရောနဲ့ တက်တက်ကြွကြွပါ၀င်နေတဲ့ ပုံရိပ်တွေကို သန္တာဗိုလ်ဟာသူမရဲ့ Facebookစာမျက်နှာမှာ "နွေဦးတော်လှန်ရေး🇲🇲🇲🇲၂၂၂၂၂ ပြည်လုံးကျွတ်သပိတ်..." ဆိုပြီးရေးသားကာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် သန္တာဗိုလ်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Thandar Bo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။