အဆိုတော်နီနီခင်ဇော်ကတော့ ဆေးပညာကိုသင်ယူတတ်မြောက်ထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်အနုပညာလမ်းကြောင်းပေါ်ကိုသာ လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။နီနီခင်ဇော်ရဲ့အသံပါဝါအားကလည်း နားထဲစွဲနေရလောက်အောင် နားထောင်လို့ကောင်းတာကြောင့် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကတည်းက ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် နီနီခင်ဇော်က ပိုပိုအောင်မြင်လာပြီး သီချင်းကောင်းများစွာလည်းထွက်ရှိထားသလို ဆုတွေလည်းမကြာခဏရရှိနေတာဖြစ်ပါတယ်နော်။
နီနီခင်ဇော်က လက်ရှိအချိန်မှာဆိုရင် တတ်မြောက်ထားတဲ့ဆေးပညာကို အခုလိုအရေးကြီးလိုအပ်တဲ့အချိန်မှာ ပြည်သူတွေအတွက်အကျိုးပြုပေးနေတာဖြစ်ပါတယ်။နီနီခင်ဇော်ဟာဆိုရင်လည်းပဲ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တစ်ခဲနက်ပါဝင်နေတာဖြစ်ပါတယ်နော်။နီနီခင်ဇော်ရဲ့စိတ်ဓာတ်ကတော့ ရဲရင့်ပြတ်သားပြီး ပြည်သူလူထုနဲ့အတူ တစ်သားတည်းနေထိုင်နေတာဖြစ်ပါတယ်။လတ်တလောအခြေအနေတွေကြောင့် ဆေးရုံပြဖို့ခက်ခဲနေတဲ့ လူနာတွေအတွက်လည်း နီနီခင်ဇော်တို့ဆရာဝန်သူငယ်ချင်းတွေက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်နော်။
နီနီခင်ဇော်က သူငယ်ချင်းရဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ညနေတိုင်းသွားထိုင်ပေးပြီး တစ်ခါတလေညအိပ်စောင့်ပေးတာဖြစ်ပါတယ်။လူနာအများအပြားကလည်း နီနီတို့ရဲ့ဆေးခန်းမှာ လာရောက်ကုသကြပြီး ကိုယ်ဝန်ဆောင်မိခင်တွေကလည်း ကလေးလေးတွေကိုလွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ကြတာဖြစ်ပါတယ်နော်။နီနီခင်ဇော်ကလည်းကိုယ်ဝန်ဆောင်မိခင်တွေကို စေတနာအပြည့်နဲ့သေချာစမ်းသပ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတာဖြစ်လို့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Ni Ni Khin Zaw’s Facebook Acc