နေ့တိုင်းလှုပ်ရှားနေကြတဲ့ပြည်သူလူထုကို ဗိုက်ဆာမှာစိုးလို့ စားစရာတွေလိုက်ဝေပေးပြီး တစ်ပိုင်တစ်နိုင်လေးလှူဒါန်းလိုက်တဲ့ အေသင်ချိုဆွေ

//s9.kh1.co/d3/d37d10bfd075083affdcf7866e4715150cedfaa0.jpeg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နေ့တိုင်းလှုပ်ရှားနေကြတဲ့ပြည်သူလူထုကို ဗိုက်ဆာမှာစိုးလို့ စားစရာတွေလိုက်ဝေပေးပြီး တစ်ပိုင်တစ်နိုင်လေးလှူဒါန်းလိုက်တဲ့ အေသင်ချိုဆွေ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်အေသင်ချိုဆွေဟာဆိုရင် အနုပညာလောကနဲ့အဆက်အသွယ်ခဏပြတ်သွားခဲ့သေးတာဖြစ်ပါတယ်။အေသင်ချိုဆွေသီဆိုထားတဲ့သီချင်းလေးတွေကိုတော့ပရိသတ်တွေကနားထောင်နေကြဆဲဖြစ်ပြီး အခုချိန်မှာလည်း သူမကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကာ အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်နော်။အေသင်ချိုဆွေကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီး ချစ်စရာသမီးလေးတစ်ယောက်ကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc

အေသင်ချိုဆွေရဲ့သမီးလေးကလည်း အမေတူလေးဖြစ်လို့ ဝဝကစ်ကစ်လေးနဲ့ ချစ်မွေးအပြည့်ပါပါတယ်နော်။အေသင်ချိုဆွေတို့သားအမိနှစ်ယောက်ကတော့ လတ်တလောအခြေအနေတွေကြောင့် လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။အေသင်ချိုဆွေကလည်း သမီးလေးရဲ့အနာဂတ်အတွက် ရဲဝံ့စွာရင်ဆိုင်ပြီး သူမရဲ့ခံယူချက်ကိုပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပါတယ်။အေသင်ရဲ့သမီးလေးကလည်းမေမေနဲ့အတူဆိုင်းဘုတ်ကိုင်ပြီး အားတက်သရောပါဝင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc

ပြည်သူလူထုကလည်း ဖေဖော်ဝါရီလကုန်ခါနီးပေမယ့် အားမလျော့ကြသေးဘဲ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရှေ့သို့ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။နေ့စဉ်ရက်ဆက်လှုပ်ရှားနေကြတဲ့ လူအုပ်ကြီးအတွက် အေသင်ချိုဆွေကတော့ စားစရာတွေကို တစ်ပိုင်တစ်နိုင်လေးလှူဒါန်းလိုက်သေးတာဖြစ်ပါတယ်နော်။အေသင်ကတော့လှည်းတန်းမှာ အားကြိုးမာန်တက်လှုပ်ရှားနေကြတဲ့ ပြည်သူလူထုတွေကို ဗိုက်ဆာမှာစိုးလို့ စားစရာတွေလိုက်ဝေပေးနေတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အေသင်တို့လို့အနုပညာရှင်တွေက တစ်ဖက်တစ်လမ်းကနေကူညီဖေးမကြလို့ အားတက်စရာအခြေအနေလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc
Photo Credit:Athen Cho See’s Facebook Acc

Source&Photo Credit:Athen Cho See’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T