ပြည်သူလူထုကို ရှေ့ကနေဦးဆောင်ကာ သီချင်းတွေသံပြိုင်ဟစ်ကြွေးရင်း လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ထွန်းထွန်း

//s9.kh1.co/57/57033219699994acf9dbfeef70dd847c030610c5.jpeg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ဟိုအရင်တစ်ချိန်ထဲက တေးသီးချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုခဲ့တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အောင်မြင်နေတဲ့ ထွန်းထွန်းကို လူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ထွန်းထွန်းဟာ ဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားသူဖြစ်ပါတယ်နော်။ 

 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page

ထွန်းထွန်းကတော့ ခုချိန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေအပါအဝင်ပြည်သူတွေကပါ တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ထွန်းထွန်းအပြင်အခြားသောအနုပညာရှင်များစွာကလည်း လက်ရှိလှုပ်ရှားမှုတွေမှာ အားတက်သရောပါ၀င်ကြတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page

အခုလည်းထွန်းထွန်းတစ်ယောက် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း TTC မှ ကျောင်းသားများစွာကိုရှေ့ကနေ ဦးဆောင်ကာ လမ်းမထက်မှာ သံပြိုင်ဟစ်ကြွေးရင်း အားကြိုးမာန်တက် လှုပ်ရှားမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။နေပူထဲမှာ မမောမပန်းနိုင်အောင် တက်တက်ကြွကြွ လှုပ်ရှားမှုပြုနေတာ တကယ်ကို လေးစားစရာကောင်းလွန်းမိတာအမှန်ပါပဲ။ပရိသတ်ကြီးအတွက် ထွန်းထွန်းရဲ့ ပုံလေးတွေ မျှဝေပေးရင်း ပြည်သူအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page
 Photo Credit : Tun Tun Facebook Page

Source & Photo Credit : Tun Tun Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T