ကိုယ့်နိုင်ငံအတွက်တာဝန်ကျေပွန်ပြီး အားသွန်ခွန်စိုက်ကြိုးစားပေးနေတာကြောင့် တရုတ်နိုင်ငံကသတင်းမှာပါဖော်ပြခြင်းခံလိုက်ရတဲ့ ပြည်သူချစ်အနုပညာရှင်များ

//s9.kh1.co/36/364087631f0c8592351a00b289ed4ad7fb78d0ad.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုယ့်နိုင်ငံအတွက်တာဝန်ကျေပွန်ပြီး အားသွန် ခွန်စိုက်ကြိုးစားပေးနေတာကြောင့် တရုတ်နိုင်ငံကသတင်းမှာပါဖော်ပြခြင်းခံလိုက်ရတဲ့ ပြည်သူချစ်အနုပညာရှင်များ

စိုင်းစိုင်းခမ်းလိုင်၊ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်နဲ့ သူဇာဝင့်လွင့်တို့လေးယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်နော် ။ သူတို့လေးယောက်လုံးက လတ်တလောမှာဆိုရင် ပြည်သူပရိသတ်တွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေကြတာ ဖြစ်ပါတယ် ။ လူထုရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတဲ့ သူတို့လေးယောက်က ပြည်သူတစ်ယောက်နေရာကနေ ကိုယ့်နိုင်ငံအကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။

Photo Credit -Paing Ta Khon's FB Page
Photo Credit -Paing Ta Khon's FB Page
Photo Credit -Paing Ta Khon's FB Page
Photo Credit -Paing Ta Khon's FB Page
Photo Credit -Wutt Hmone Shwe Yi's FB Page
Photo Credit -Wutt Hmone Shwe Yi's FB Page
Photo Credit -Wutt Hmone Shwe Yi's FB Page
Photo Credit -Wutt Hmone Shwe Yi's FB Page

ပိုင်တံခွန်ဟာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလို ရဲဝင့်တက်ကြွစွာပါဝင်ပြီး ပြည်သူလူထုကို အရှေ့ဆုံးကနေ ကာကွယ်ပေးနေတာ ဖြစ်ပါတယ် ။ ရွှေကစ်အနေနဲ့ကလည်း တရားစခန်းကပြန်ရောက်ရောက်ချင်းမှာပဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့သူ ဖြစ်ပါတယ် ။ "Miss Universe Myanmar 2020" ရဲ့သရဖူပိုင်ရှင်လေးဖြစ်တဲ့ အလှမယ်သူဇာဝင့်လွင်ကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ မရပ်မနားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Thu Zar Wint Lwin's FB Page
Photo Credit -Thu Zar Wint Lwin's FB Page
Photo Credit -Thu Zar Wint Lwin's FB Page
Photo Credit -Thu Zar Wint Lwin's FB Page
Photo Credit -Sai Sai Kham Leng's FB Page
Photo Credit -Sai Sai Kham Leng's FB Page
Photo Credit -Sai Sai Kham Leng's FB Page
Photo Credit -Sai Sai Kham Leng's FB Page

စိုင်းစိုင်းကတော့ လမ်းပေါ်က ပြည်သူတွေအမောပြေသောက်ဖို့ အချိုရည်တွေနဲ့ ရေသန့်တွေ လှူဒါန်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူကိုယ်တိုင်လူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီထမ်းရွက်ရင်း အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူတို့လေးယောက်ကတော့ အခုဆိုရင် တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်၊စိုင်းစိုင်း၊ရွှေကစ်နဲ့ သူဇာဝင့်လွင်တို့အပြင် အခြားအနုပညာလောကသားတွေအားလုံးကလည်း လက်ရှိမှာဆိုရင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

Source & Photo Credit -Wutt Hmone Shwe Yi's IG Story & smartposrhk

Photo Credit -Wutt Hmone Shwe Yi's IG Story & smartposrhk
Photo Credit -Wutt Hmone Shwe Yi's IG Story & smartposrhk
Photo Credit -smartposrhk
Photo Credit -smartposrhk
Photo Credit - smartposrhk
Photo Credit - smartposrhk
Photo Credit -Wutt Hmone Shwe Yi's IG Story & smartposrhk
Photo Credit -Wutt Hmone Shwe Yi's IG Story & smartposrhk
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T